ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လျက်ရှိပြီး ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် သင်တန်းများဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လျက်ရှိပြီး ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် သင်တန်းများဖွင့်လှစ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 26, 2026


ဘားအံ - ဇန်နဝါရီ (၂၆)

ကရင်ပြည်နယ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၄၆၉၂၈၄ ဦး၊ ၂၀၂၅ခုနှစ်တွင်၆၉၉၂၅၀ဦးဝင်ရောက်လည်ပတ်ခဲ့ပြီးဟိုတယ်နှင့်တည်းခိုရိပ်သာများမှဝင်ငွေရရှိမှု ၉၄ ဒဿမ ၆၃ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကာ ခရီးသွားဧည့်သည်များအား ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ဘားအံမြို့၊ ဟိုတယ်ကန်သာဦးခန်းမ၌ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း (၂)မျိုး ကို ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းခရီးသွားဧည့်သည်ဝင်ရောက်မှု နှစ်စဉ်တိုး တက်လာသည်နှင့်အမျှ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ကောင်းမွန်သည့်ဝန်ဆောင်မှုများစနစ်တကျဖြည့်စွမ်းပေးနိုင်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒုတိယအကြိမ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ကာ အစားအစာနှင့်အဖျော်ယမကာထုတ်လုပ် ရေးသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၂၅)ဦး၊ ဧည့်ကြိုသင်တန်းတွင် (၅၀)ဦး စုစုပေါင်း ၇၅ ဦး တက်ရောက်ကြ သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်၏ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သောကဏ္ဍ များ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ Tour Guide များနှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်အောင် သင်ခန်းစာများကိုကြိုးစားလေ့လာသင်ယူ၍ ခရီးသွားလုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်အတူ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ ကရင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဘားအံရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသက်လင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ကရင်ပြည်နယ်၏ သဘာဝတောတောင်ရေမြေခရီးသွားအရင်းအမြစ်အခြေခံကောင်းများပေါကြွယ်မှုကြောင့် နိုင်ငံ ၏ခရီးစဉ်ဒေသများတွင်ထင်ပေါ်ကျော်ကြားလျက်ရှိပြီး ဘားအံမြို့သည် ၂၀၂၅ ခုနှစ်အတွက်(၆)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆု(6th ASEAN Environmentally Substainable Cities Award) ဆုနှင့် ၂၀၂၆ ခုနှစ်အတွက်ပဥ္စမအကြိမ်မြောက်အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု(ASEAN Clean Tourist City Award)ဆုတို့ကိုထပ်မံရရှိခဲ့ရာ ခရီးသွားကဏ္ဍအတွက်ဆွဲဆောင်မှုရှိသောအလားအလာကောင်းများကို ပိုင်ဆိုင်လျက်ရှိကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်းများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။