ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ကလေးသူငယ်များအား ပညာသင်ကြားပေးနေသည့် နေရာသို့ အကြမ်းဖက်သမားအဖွဲ့ (စိစစ်ဆဲ) က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် လုပ်အားပေး ဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ကလေးသူငယ်များအား ပညာသင်ကြားပေးနေသည့် နေရာသို့ အကြမ်းဖက်သမားအဖွဲ့ (စိစစ်ဆဲ) က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် လုပ်အားပေး ဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ


Ministry of Information/ Naypyitaw / June 11, 2025
image_latest


နေပြည်တော် ဇွန် ၁၁

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာသို့ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့စာသင်ကြားပေးနေသည့် အဆိုပါကျေးရွာရှိ ဦးကုလား (စိစစ်ဆဲ) ၏ နေအိမ်ရှေ့မြေကွက်လပ်သို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ရုံးအကူဝန်ထမ်းဖြစ်သူ ဒေါ်မိသဇင် (၃၆) နှစ်နှင့် ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မောင်ဝေယံအောင် (၈) နှစ်၊ မလရိပ်ချို (၁၀) နှစ်နှင့် မသူဇာအေး (၆) နှစ်တို့ လေးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပိုင်ရပ်ကျေးရွာနေ လုပ်အားပေးဆရာမဖြစ်သူ မမိုးသူဇာ (၂၅) နှစ်နှင့် ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသည့် မစိုးစိုးစံ (၅) နှစ်၊ မအေးအေးမိုး (၈) နှစ်၊ မောင်အောင်ကျော်သူ (၄) နှစ်၊ မမျိုးစန္ဒာထွန်း (၆) နှစ်၊ မမျိုးသန္တာဦး (၇) နှစ်၊ မောင်လော်ချမ်း (၇) နှစ်၊ စောစံမြင့်အောင် (၇) နှစ်၊ မရွှေဇင်ထက် (၁၀) နှစ်၊ မယဉ်သူအေး (၉) နှစ်၊ မထွန်းရတနာ (၇) နှစ်၊ မောင်ကောင်းစည်သူစိုး (၇) နှစ်၊ မောင်လင်းလက်အောင် (၇) နှစ်၊ မချစ်မြတ်နိုး (၇) နှစ်၊ မငယ်ငယ် (၇) နှစ်၊ မမေလဝန်း (၇) နှစ်၊ မအိနန္ဒာဖြိုး (၇) နှစ်၊ မသွန်းသွန်းအိမ်စည်လင်း (၉) နှစ်၊ မသီသီဖြိုး (၉) နှစ်တို့ ၁၉ ဦး (ဆရာမ ၁ ဦး၊ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၁၃ ဦး) တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ တာဝန်ရှိသူများမှ ဒဏ်ရာရရှိသူများအား ကညင်ကတိုက်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းနှင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် လုပ်အားပေးဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊  သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ -၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -

HOT NEWS
January 4,