ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ သစ်ခွဲသားများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ သစ်ခွဲသားများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / February 06, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ သစ်ခွဲသားများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ် မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာလမ်းဆုံ၌ ဒေါ်လန်းကျေးရွာမှ သာယာကုန်း ကျေးရွာဘက်သို့ ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာနေသူများဖြစ်ကြသည့် ခင်အောင်စိုး (၃၈)နှစ် မောင်းနှင်လာသည့် KYN/4B-XXXX NISSAN DIESEL အဖြူရောင် ခြောက်ဘီး မော်တော်ယာဉ်နှင့် စောမျိုးသက်(၃၈)နှစ် မောင်းနှင်လာသည့် SHN/8D-XXXX NISSAN DIESEL အဖြူရောင် ခြောက်ဘီး မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ KYN/4B-XXXX NISSAN DIE SEL ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ တောင်သရက်ခွဲသား ၇.၃၅၄၈ တန်(ဒေသကာလတန်ဖိုး ၁၂,၅၀၃,၁၆၀ ကျပ်ခန့်)အား လည်းကောင်း၊ SHN/8D-XXXX NISSAN DIESEL အဖြူရောင် ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ တောင်သရက်ခွဲသား ၈.၁၈၀၄ တန်(ဒေသကာလတန်ဖိုး ၁၃,၉၀၆,၆၈၀ ကျပ်ခန့်)တို့အား လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်း၌ ခင်အောင်စိုး အား (ပ)၁၁/၂၀၂၆ ဖြင့် လည်းကောင်း၊ စောမျိုးသက် အား (ပ)၁၂/၂၀၂၆၊ သစ်တော ဥပဒေပုဒ်မ ၄၁(က) ဖြင့် အ သီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း