ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ မြေနိမ့်ပိုင်းရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ မြေနိမ့်ပိုင်းရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု


Ministry of Home Affairs/ Naypyitaw / July 27, 2024


     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့တွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
      အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၉၈)စု၊ လူဦးရေ (၃၉၃)ဦးအား ရေဘေးလွတ်ရာ ဓိဌာန်အောင်ဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်မှ  အိမ်ထောင်စု (၃၃)စု၊ လူဦးရေ(၁၁၉)ဦးအား ရေဘေးလွတ်ရာ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၆၂)စု၊ လူဦးရေ(၁၁၁)ဦးအား ရေဘေးလွတ်ရာ ဓမ္မံရန်အောင်ဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသိဒ္ဓိဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု(၅၇)စု၊ လူဦးရေ (၂၁၁)ဦးအား ရေဘေးလွတ်ရာ ကြခတ်တောဘုန်းတော်ကြီးကျောင်းနှင့် တောရဘုန်တော်ကြီးကျောင်းသို့လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်မှ အိမ်ထောင်စု(၁၉၈)စု၊ လူဦးရေ (၇၆၅)ဦးအား ရေဘေးလွတ်ရာ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၊ စနေဆွမ်းလောင်းဓမ္မာရုံနှင့် ရေပူတောင်ပေါ်ကျောင်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Posted on Jul 27, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Posted on Jul 26, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Jul 25, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Posted on Jul 22, 2024
AnnouncementsExplore more >