ကရင်ပြည်နယ် မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပွဲကျင်းပ

ကရင်ပြည်နယ် မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 23, 2025


ဘားအံ ဇွန် ၂၃

သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်သစ်တောဦးစီးဌာန၊ မိုးရာသီ(ဒုတိယ အကြိမ်) သစ်ပင်စိုက်ပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ၊ မြိုင်ကလေး၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်း အားဖြင့် နောင်လာနောက်သားများအတွက် အဖိုးထိုက်တန်လှသည့် သဘာဝအမွေအနှစ်များကို လက်ဆင့်ကမ်း ပေးအပ်ကြရန် တိုက်တွန်းပြောကြားပြီး အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀) စက်ရုံမှူးကြီးထံ ပျိုးပင်များ ဖြန့်ဝေပေးအပ်ကာ တက်ရောက်လာသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁)နှင့်အမှတ်(၂)ဘိလပ်မြေ စက်ရုံမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ရေ၊မြေ၊ဒေသနှင့်ကိုက်ညီ သောသစ်မျိုးများဖြစ်သည့် မအူ ၆၀၀ ပင်၊ ပျဉ်းမ ၆၀၀ ပင် စုစုပေါင်း ၁၂၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထိုသို့ စုပေါင်းစိုက်ပျိုးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြ ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အလားတူ ဒေသတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ခရီးစဉ်ဒေသများပိုမိုတိုးတက်လာစေရန် ကရင်ပြည်နယ် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိုးရာသီ ကာလ ခရီးသွားဧည့်သည်ဝင်ရောက်မှုများသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ခရီးသွားများကိုဝန်ဆောင်မှုကောင်း များပေးနိုင်ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ ခရီးသွားများသွားလာရလွယ်ကူအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးစေလိုသည်များရှိပါက တင်ပြဆွေးနွေး ပေးကြစေလိုပြီး သန့်ရှင်းသာယာလှပရေး၊ ပန်းပေါင်းဝေဆာစိမ်းလန်းစိုပြေရေး၊ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ်များ သက်ဝင်မှုရှိစေရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များက အလေးအနက် ထားဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက် ပြီးစီးမှုနှင့် ဒေသကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှု ၊ ယခုအစည်းဝေးတွင်ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ် များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များနှင့်ဌာနဆိုင်ရာများ၊ ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူ ခရီးစဉ်ဒေသများမှ တာဝန်ရှိသူများက ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025
HOT NEWS
January 4,