ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းဖမ်းဆီးရမိမှုများ

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းဖမ်းဆီးရမိမှုများ


Ministry of Information/ Naypyitaw / November 14, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၂၅၆ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများ ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၃၄၇ မှု၊ လက်နက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၈၆ မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား ထိုင်းကုန်သည်များကလက်နက်ကိုင် အဖွဲ့အစည်းများ၏ သောင်းရင်းမြစ်တစ်လျှောက်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှ တစ်ဆင့် ပို့ဆောင်ရောင်းချခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက် အတွင်း စိတ်ကြွရှုးသွပ်ဆေးပြား (WY) ဆေးပြားဖမ်းဆီးရမိမှု အမှုပေါင်း ၃၂၅ မှု (ဆေးပြားပေါင်း ၂၅၇၈၉၆၁ ဒသမ ၅ ပြား)၊ ICE အမှုပေါင်းကိုးမှု (အလေးချိန် ၄၉၀၈ ဒသမ ၉၄၇၁ ဂရမ်)၊ ဘိန်းဖြူဖမ်းဆီးရမိမှုအမှုပေါင်း ၇ မှု (အလေးချိန် ၂၈၁၃၀၄ ဂရမ်)၊ ကတ်တမင်းဖမ်းဆီးရမိမှုအမှု ပေါင်း ၁၉ မှု (အလေးချိန် ၃၅၇၃ ဒသမ ၃၂၂၅ ဂရမ်)၊ ဆေးခြောက်ဖမ်းဆီးရမိမှု အမှုပေါင်း ၃၁ မှု (အလေးချိန် ၁၈၅၅၁ ဒသမ ၇၁၇၁ ဂရမ်)၊ အက်တစီဆေးပြား ၉၇၂ ပြား၊ Tramadol ဆေးတောင့် ဖမ်းဆီးရမိမှု နှစ်မှု၊ (ဆေးတောင့် ပေါင်း ၆၀၀၃၀) နှင့် အမိုနီယမ်နိုက်ထရိုတ် ဖမ်းဆီးရမိမှု ငါးမှု (အလေးချိန် ၁၁၈၂၅ ဒသမ ၁၅၉ ကီလိုဂရမ်ခန့်)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှသိရသည်။ 

ထို့ပြင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအနေဖြင့် ၉ မမ ပစ္စတို သေနတ် ၄၈ လက်၊ AK -47 သေနတ် ၁၂ လက်၊ M-4 ကာဘိုင်သေနတ်ခြောက်လက်၊ ကိုးလုံးကျည်ဖြင့်ပစ်ခတ်ရသော သေနတ်နှစ်လက်၊ AK -15 သေနတ် တစ်လက်၊ ၁၂ ဗို့ သေနတ်သုံးလက်၊ ၁၂ ဗို့ကျည်ဖြင့် ပစ်ခတ်ရသော သေနတ်နှစ်လက်၊ ခြောက်လုံးပြူးသေနတ် နှစ်လက်၊ ၉ မမကျည်ဖြင့် ပစ်ခတ်ရသော AK သေနတ် တစ်လက် ၊ M-16 တစ်လက်၊ ဒသမ ၃၀၃ ရိုင်ဖယ် တစ်လက်၊ ဒသမ ၃၀ ကာဘိုင် သေနတ်တစ်လက်၊ လက်လုပ်သေနတ်တစ်လက်၊ လက်လုပ်စက်သေနတ်တစ်လက်၊ လက်လုပ် အာပီဂျီတစ်လက်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဒသမ ၃၀ ကာဘိုင်ကျည် ၆၀ ၊ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ကိုးလုံးကျည်ဖြင့် ပစ်ခတ်ရသော ကျည် ၂၉ တောင့်၊ AK -15 ကျည် ၈၇ တောင့်၊ AK- 47 ကျည် ၆၄ တောင့်၊ ၉ မမ ကျည် (ပစ္စတို) ၂၀၈၂ တောင့်၊ ဒသမ ၃၈၀ ကျည် ၂၁၇ တောင့်၊ ဒသမ ၃၅၇ ကျည် ၇၅၀၊ ဒသမ ၃၈ ကျည် ၇၅၀၊ ၇ ဒသမ ၆၅ ကျည် ၅၀၊ M-16 ကျည် ၅၀၀၊ ၇၃ ခွင်း ကျည်နှစ်တောင့်၊ M-4 ကျည် ၂၀၀ ၊ MK -12 ကျည် ၁၀၀ ၊ ၃၅၇ ကျည်၂၀၀၊ ဒသမ ၃၈ Special ကျည် နှစ်တောင့်၊ ၇ ဒသမ ၆၂ ကျည် နှစ်တောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ အာပီဂျီဗုံးသီး သုံးလုံး၊ လက်လုပ်အီနာဂါဗုံးသီး ၁၇ လုံး၊ လက်လုပ်မိုင်း နှစ်လုံး၊ ၄၀ မမ ဒုံးသီးငါးလုံး၊ ရိုင်ဖယ်ပစ်ဗုံးငါးလုံး၊ ၄၀ မမ ဗုံးသီး ၂၀၊ ဒီတိုနေတာ ၃၀၀၊ လက်ပစ်ဗုံး ရှစ်လုံး၊ ကိုးလုံးကျည်ဖြင့် ပစ်ခတ် ရသော ကျည်အိမ်နှစ်ခု၊ AK-15 ကျည်အိမ်ခုနစ်ခု၊ AK-47 ကျည် အိမ် ၁၃ ခု၊ ၉ မမ ကျည်အိမ် (ပစ္စတို) ၅၂ ခု၊ ၁၂ ဗို့ ကျည်အိမ် ကိုးခု၊ M-4 ကျည်အိမ် ၁၇ ခု၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ၃၈၀ ကျည် အိမ်တစ်ခု၊ M-12 ကျည်အိမ် တစ်ခု၊ MA ကျည်အိမ်လေးခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။