ကရင်ပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကရင်ပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 12, 2026


ဘားအံ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဘားအံမြို့၊ သီရိ ကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ဆပ်ကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများကို အသီးသီးဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး လိုအပ်သည်များနှင့်ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးအထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်း တပ်ဖွဲ့များနှင့်တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေး မှုစုပေါင်းထမနဲထိုးပြိုင်ပွဲ အထိမ်းအမှတ် မီးပုံးပျံကြီးများလွတ်တင်နိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဆုချီးမြှင့်ရေး၊ အမှတ်ပေး အကဲဖြတ်နိုင်ရေး၊ စာရင်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အထမနဲထိုးအသင်း ၆၆ သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရှိရပြီး အောက်ခြေ အချင်း ၆ ပေ၊ အမြင့်ပေ ၄၀ နှင့်အထက်ရှိသော မီးပုံးပျံကြီး ၁၁ လုံးတို့ကို လွှတ်တင်သွားမည်ဖြစ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။