ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်း

ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်း


Ministry of Information/ Naypyitaw / February 26, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ-(၆) ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၁,၈၅၅.၉၆) ဧကရှိသောနယ်မြေကို “ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၆) အရ (၁၃၈၇) ခုနှစ်၊ တပေါင်းလဆန်း (၃) ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောသစ်မျိုးများနှင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ သဘာဝဒီရေတောများ ပျက်စီးပြုန်းတီးခြင်းမှ ကာကွယ်ရန်၊ ရေသယံဇာတနှင့်ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသော လှိုင်းဒဏ်၊ လေမုန်တိုင်းခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန်စသည့် ရေသယံဇာတများ ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အထောက်အကူပြုနိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်လုပ်ကိုင်မှု ပိုမိုကောင်းမွန်လာစေပြီး သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးပြင် ကာကွယ်တောအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါ သည်။

“ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော” သတ်မှတ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ရာသီဥတုနှင့် ဒေသအတွက် အကျိုးပြုသော ဒီရေတောများ ဖြစ်ထွန်းလာမည်ဖြစ်ခြင်း၊ ဒီရေတော ဂေဟစနစ်ကို ရေရှည်တည်တံ့စေခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ကမ်းရိုးတန်း ရေတိုက်စားမှုနှင့် မုန်တိုင်းဒဏ်စသည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေးနိုင်ခြင်း၊ ဒီရေတောသစ်မျိုးများဖြစ်သော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ သမဲ့ကျက်တက်၊ လမု၊ လဘ၊ ပင်လယ်အုန်း၊ ကျန၊ သမဲ့ဖြူနှင့် ဓနိပင်စသည့်ဒေသသစ်မျိုးများ ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ခရုစုတ်ငှက်၊ စွန်ခေါင်းဖြူ၊ မျောက်၊ တင်ကျီးငှက်စသည့် ငှက်မျိုးများနှင့် မိကျောင်းများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါး၊ ကဏန်း၊ ပုစွန်စသည့် ရေနေသတ္တဝါများ၏ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောထိန်းသိမ်းမည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်နိုင်မည်ဖြစ်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း