ကလေးဝမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၈ ကီလိုကျော် ဖမ်းဆီးရမိ
ကလေးဝမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၈ ကီလိုကျော် ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / January 10, 2026
နေပြည်တော် ဇန်နဝါရီ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်သွားကားလမ်း၊ နန်းမော်ကယ်ကျေးရွာအနီးတွင် မော်လိုက်မြို့နယ်၊ နန်းခမ်းပါတ်သစ်တောကြိုးဝိုင်း၊ ပျဉ်းစိုက်ခင်းနေ ကျော်ဇင်လင်း (ခ) မောင်ကောင်း (၂၆) နှစ် မောင်းနှင်လာသော TNI-4 2N-Xxxx FORLAND မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၈ ဒသမ ၅ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၁ ဒသမ ၉၂၅ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင်ခိုင်းသူမှာ တမူးမြို့နယ်၊ ခမ်းပတ်မြို့နေ ဖိုးကျော် (ဖမ်းဆီးရန်ကျန်) နှင့် ပူးပေါင်းပါဝင်သူ ဖိုးသား (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ပြီး ကလေးဝမြို့နယ်မှ ခမ်းပတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
