ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ဧကဒသမအကြိမ် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ဧကဒသမအကြိမ် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်
Ministry of Information/ Naypyitaw / April 30, 2026
နေပြည်တော် ဧပြီ ၃၀
ရောက်သည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဧကဒသမအကြိမ် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များအား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များတက်ရောက်ကြသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူတို့က လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးအား ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။
ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ်ခေါ်ဆိုကြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုများက သတ်မှတ်ထားသည့်နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းပူဇော်ကြကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြ၍ မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် အခမ်းအနားမှူးက တောင်းဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာ့ရိုးရာ ၁၂ လ ရာသီများအနက် ဒုတိယလဖြစ်သော ကဆုန်လတွင် ကျင်းပသည့် မြန်မာမင်းအဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် ကျင်းပလာခဲ့သော မြန်မာ့ရိုးရာဘာသာရေးပွဲတော်တစ်ခုဖြစ်ကြောင်း၊ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရသေ့ဘဝ၌ ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော်ပေးခဲ့သောနေ့ဖြစ်ခြင်း၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခဲ့ခြင်း၊ ဂေါတမဘုရားရှင်သည် မဟာဗောဓိညောင်ပင်အောက်၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း။ ဂေါတမဘုရားရှင်သည် ကုသိနာရုံ၌ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ကြောင့် “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထား၍ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပပူဇော်လေ့ရှိကြောင်း၊ ကဆုန်လသည် နွေရာသီ၏ အပူဆုံးလဖြစ်သဖြင့် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်များ မညှိုးနွမ်းစေရန်နှင့် အေးမြစေရန် ရည်ရွယ်၍ အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
