ကူးစက်ရောဂါကြိုတင်ကာကွယ်ရန် ကာကွယ်ရေးနည်းလမ်းများလိုက်နာ
ကူးစက်ရောဂါကြိုတင်ကာကွယ်ရန် ကာကွယ်ရေးနည်းလမ်းများလိုက်နာ
Ministry of Information/ Naypyitaw / June 12, 2025
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ဇွန်လ ၁ ရက်နေ့ ည ၈ နာရီမှ ဇွန်လ ၈ ရက်နေ့ ည ၈ နာရီအထိ ရက်သတ္တတစ်ပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၅၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦးကိုတွေ့ရှိကြောင်း ဇွန်လ ၉ ရက်နေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
ရက်သတ္တတစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး အစီရင်ခံသည့်ကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူလူနာမရှိကြောင်း သိရှိရသည်။ လတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးမှုမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်လိုပါသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်အုပ်စုများမှာ အသက် ၆၀ အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလသုံးလနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်တတ်သဖြင့် အဆိုပါအသက်အရွယ်အုပ်စုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားရန်လိုအပ်သဖြင့် နီးစပ်ရာကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုကိုခံယူကြရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ရောဂါဘယကင်းစင်ရေးသည် အရေးကြီးသည်။ ရောဂါကင်းဝေးရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးနှင့် ကာကွယ်ဆေးများ ထိုးနှံထားရန်လိုအပ်သည်။ ယခုလို မိုးရာသီကာလတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါသည်။
လတ်တလောတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ အသွင်ပြောင်းအိုမီခရွန် ရောဂါကူးစက်ဖြစ်ပွားလျက်ရှိရာ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွားသေဆုံးမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ပေါ့ပေါ့ဆဆပြီးပြီးလွယ်လွယ်နေ၍မဖြစ်ပါ။ ရောဂါဟူသည် မည်သည့်ရောဂါမျှ ကောင်းသောလက္ခဏာမဟုတ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်၊ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များကို အလေ့အထတစ်ခုအနေဖြင့် မပျက်မကွက်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
လတ်တလောတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းစသည့် လက္ခဏာရှိသူများအနေဖြင့် မိမိမှ အခြားသူများကို ကူးစက်ခြင်းမရှိစေရန်အတွက် လူထူထပ်သောနေရာများသို့ အသွားအလာပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား စနစ်တကျတပ်ဆင်ရန်လိုအပ်ပါသည်။ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိချိန်၌ ချောင်းဆိုးပါက လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်းကို ပြုလုပ်သင့်ပါသည်။ ရောဂါလက္ခဏာ ပြင်းထန်ဆိုးရွားပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနများသို့ ချက်ချင်းပြသ၍ ဆေးကုသရန်လိုအပ်ပါသည်။
လူတိုင်းပြင်ပသို့သွားလာပြီးသည့်အခါတွင်လည်းကောင်း၊ အညစ်အကြေးစွန့်ပြီးချိန်၊ အစားအသောက်စားသောက်မည့်အခါတွင်လည်းကောင်း တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မိမိလက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်ဖြင့် မကြာခဏဆေးကြောခြင်းကို စနစ်တကျပြုလုပ်ရန် လိုအပ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်း၊ ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာကာကွယ်ပေးသည့်အတွက် ကာကွယ်ဆေးထိုးနှံထားရန် အရေးကြီးပါသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာများပြင်းထန်မှုနှင့် အသက်ဆုံးရှုံးခြင်းတို့မှ ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရန်နှင့် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေကျန်းမာရေးအလေ့အထကောင်းများကို စနစ်တကျ မပျက်မကွက်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ -၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -