ကောင်းမွန်သည့်အနာဂတ်တည်ဆောက် စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်

ကောင်းမွန်သည့်အနာဂတ်တည်ဆောက် စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်


Ministry of Information/ Naypyitaw / June 30, 2025
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဟူသည့် ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ထားသည်။ အဆိုပါရှေ့လုပ်ငန်းစဉ်နှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီးပွားရေးကဏ္ဍ၌ အတိုင်းအတာတစ်ခုအထိ အောင်မြင် ဖြစ်ထွန်းလာသည်။

နိုင်ငံတော်၏ စီးပွားရေးတိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ “တိုးတက်မြင့်မားလာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိလာခြင်းဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး လယ်ယာထွက်ကုန်ကဏ္ဍမှတစ်ဆင့် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးလျက်ရှိသည်။

MSME ကဏ္ဍသည် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးဖြစ်သကဲ့သို့ ဆင်းရဲမှုလျှော့ချ ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတွင် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရှိသည်။ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာရေးကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ကူညီပေးလျက်ရှိသလို MSME လုပ်ငန်းရှင်များကလည်း ဒေသစီးပွားရေး၊ နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

မျက်မှောက်ခေတ်ကာလတွင် MSME လုပ်ငန်းများအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ခိုင်မာစွာရှင်သန် ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို မဖြစ်မနေလုပ်ကိုင် ဆောင်ရွက်ရန်လိုအပ်သည်။ ရှေးယခင်က သမားရိုးကျစီးပွားရေးစနစ်ကို လုပ်ကိုင် ဆောင်ရွက်ခဲ့ရာမှ ယခုအခါ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာသဖြင့် တိုးတက်အောင်မြင်မှုများ အတိုင်းအတာတစ်ခုအထိရရှိလာသည်။ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်သည် လုပ်ငန်းဆောင်ရွက်မှု၌ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များ ချဲ့ထွင်နိုင်ခြင်း၊ ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးမြှင့်ပေးခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

ထို့အပြင် ဘဏ္ဍာရေးအထောက်အပံ့၊ ဈေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစပြုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးတို့သည် MSME လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသည့် ကဏ္ဍဖြစ်သည်။ MSME လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးလိုအပ်ချက် အမြဲရှိနေခြင်းကြောင့် ချေးငွေများ၊ အာမခံများ၊ အသေးစားချေးငွေစနစ်များနှင့် အခြားသောဘဏ္ဍာရေးဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာရရှိနိုင်ရေး ပံ့ပိုးကူညီပေးနိုင်ရန် အရေးကြီးသည်။ ဘဏ္ဍာရေးအထောက်အပံ့ ကောင်းမွန်မှသာ လုပ်ငန်းများတိုးချဲ့နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။

ယနေ့ခေတ်ကာလ၏ ပြိုင်ဆိုင်မှုပြင်းထန်နေသော ဈေးကွက်စီးပွားရေးစနစ်တွင် MSME လုပ်ငန်းများအောင်မြင်စေရန်အတွက် ထိရောက်သည့် ဈေးကွက်ရှာဖွေရေးနည်းဗျူဟာများ လိုအပ်မည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေး၊ လူမှုမီဒီယာဈေးကွက်ရှာဖွေရေး၊ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းနှင့် ကွန်ရက်တည် ဆောက်ခြင်းလုပ်ငန်းများ စသည်တို့သည်လည်း MSME လုပ်ငန်းများအတွက် အရေးကြီးသည့် ဈေးကွက်ရှာဖွေရေး နည်းလမ်းများပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ယခုလေးနှစ်တာကာလအတွင်း MSME လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် အထူးဦးစားပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ထိရောက်သည့် ဈေးကွက် ရှာဖွေရေးနည်းဗျူဟာများကို အသုံးပြုပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်များကို အသိအမှတ်ပြုမြှင့်တင်ပေးပြီး အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းများနှင့် MSME လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း

Posted on Jun 30, 2025

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း