ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌အောင်သုခ စာကြည့်တိုက်သစ်ဖွင့်လှစ်

ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌အောင်သုခ စာကြည့်တိုက်သစ်ဖွင့်လှစ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 12, 2024


ဘားအံ-အောက်တိုဘာ (၁၂)

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇)တိုက် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင်(၄)တိုက်ဖွင့်လှစ်ရန်လျာထားဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တတိယမြောက်စာကြည့်တိုက်သစ်ဖွင့်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌ အောင်သုခ စာကြည့်တိုက်သစ်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။

အဆိုပါစာကြည့်တိုက်သစ်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူပေါင်းဆောင်ရွက်မှုကော်မ တီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) ပြည်သူလူထုထည့်ဝင်လှူဒါန်းငွေကျပ်သိန်း(၂၀) စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၁၇၀)ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့အချိန်တွင် စာကြည့်တိုက်များနှင့်စာအုပ်စာပေများသည် မိမိတို့လက်လှမ်းမီသော နေရာများ တွင် တည်ရှိနေပြီမို့ လွယ်လင့်တကူလေ့လာဖတ်ရှုနိုင်ကြောင်း၊ စာကြည့်တိုက်များသည် လူတန်းစားမရွေး၊ အသက် ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုလည်းဖြစ်သည့်အတွက်ကြောင့် စာကြည့် တိုက်မှစာအုပ်စာပေများကိုဖတ်ရှုပြီး ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကို လည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင်၊ စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စေတနာရှင်အလှူရှင်များက ပြည်နယ်ဝန်ကြီးချုပ်ထံ အောင်သုခစာကြည့်တိုက် ငွေပဒေသာပင် အတွက် ငွေကျပ်သိန်း(၃၀)ကိုပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ပြီး ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လူမှုရေးဝန်ကြီးထံ အောင်သုခစာကြည့် တိုက်အတွက် စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က စာကြည့်တိုက် တည်ဆောက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်နှင့်ပတ်သက် သည့်စာရွက်စာတမ်းများ၊ စာအုပ်၊စာစောင်နှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံလွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက (၂၀ x ၁၉) RC တစ်ထပ် အဆောက်အဦနှင့် သုတ၊ ရသ စာအုပ်စာစောင်ပေါင်း (၅၅၀)အုပ်ခန့်ရှိ အောင်သုခ စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များပတ်ဖြန်းပေးကြကာ စာကြည့် တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Posted on Mar 14, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Posted on Mar 13, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

Posted on Mar 13, 2025

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Posted on Mar 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Posted on Mar 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

HOT NEWS
January 4,