ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း အပြီးသတ်ဆောင်ရွက်

ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း အပြီးသတ်ဆောင်ရွက်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / March 20, 2025


ဘားအံ - မတ် (၂၀)

ကရင်ပြည်နယ်အတွင်း ယမန်နှစ်မိုးရာသီက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာတွင် မြစ်ကမ်းပြိုကျမှုများဖြစ်ပွားခဲ့ရာ ရေအ ရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုကာကွယ် ရေးလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိရာ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံး ငွေရင်းရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်သည့် Porcupine ရေကာများပြုလုပ်ချထားခြင်းလုပ်ငန်း၊ Porcupine များပြုလုပ်ချထားခြင်း၊ Geo Bag အလျား(၆၀၀)ပေ ကမ်းထိန်းတမံပြုလုပ်ခြင်း၊ တဘက်ကမ်း ရေပါး သောင်မှ သဲစုပ်သောင်တူး၍ ကော့လှိုက်ကျေးရွာဘက်ကမ်းပါးများသဲဖြည့်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးဦးလှမိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း အပြီးသတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ပြည်နယ်ညွှန်ကြား ရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ထပ်မံဆောင်ရွက်မည့် Geo Bag ကမ်းထိန်းတမံလုပ်ငန်း၊ Porcupine များ ချထားခြင်းလုပ်ငန်း၊ ကော့လှိုက်ကျေးရွာရှေ့တဘက်ကမ်း ရေပါးသောင်မှ သဲစုပ်သောင်တူး၍ ကော့လှိုက်ကျေးရွာဘက်ကမ်းပါးများသဲဖြည့်ခြင်းလုပ်ငန်း၊ ရေကြောင်းရေလွှဲ Geo Bag နှင့် သဲအိတ် စီရေကာ (၂၀၀) ပေ၊ သုံးတန်းသွားမျောရေကာ (၁၅၀)ပေ၊ စုစုပေါင်း(၃၅၀)ပေ ဆောင်ရွက်မည့်လုပ်ငန်း၊ နှစ်အလိုက်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ မိုးရာသီမတိုင်မီ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အပြီးသတ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အလားတူ နွေရာသီကျောင်းပိတ်အားလပ်ရက်တွင် လူငယ်လူရွယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားက စားကို စနစ်တကျတတ်သိနားလည်လေ့ကျင့်လာစေရန် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် အားကစားလှုပ်ရှားဆောင်ရွက်မှုမှတဆင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုအသုံးချပြီး ကရင်ပြည်နယ်နှင့်နိုင်ငံတော် ၏ နောင်အနာဂတ်ကာလများတွင် အားကိုးအားထားပြုလောက်သည့် ထူးချွန်ထက်မြက်သည့်လူငယ်များဖြစ်အောင် မိမိကိုယ်ကိုပြုစုပျိုးထောင်သွားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် များ၊ အားကစားနည်းအလိုက်ထူးချွန်သင်တန်းသားဆုများနှင့် သင်တန်းနည်းပြများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၈ ရက်၊ မတ် ၂၁ ရက် ၊သောကြာနေ့။


Posted on Mar 21, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၇ ရက်၊ မတ် ၂၀ ရက် ၊ကြာသပတေးနေ့။


Posted on Mar 20, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၆ ရက်၊ မတ် ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 19, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၅ ရက်၊ မတ် ၁၈ ရက် ၊အင်္ဂါနေ့။


Posted on Mar 18, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၄ ရက်၊ မတ် ၁၇ ရက် ၊တနင်္လာနေ့။


Posted on Mar 17, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၃ ရက်၊ မတ် ၁၆ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 16, 2025
HOT NEWS
January 4,