ကျိုက်ထိုမြို့အနီး ရန်ကုန်- မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း

ကျိုက်ထိုမြို့အနီး ရန်ကုန်- မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း


Ministry of Information/ Naypyitaw / June 25, 2025
image_latest


နေပြည်တော် ဇွန် ၂၄

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ အင်္ဂပိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးအားလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်း၏ မိုင်တိုင်အမှတ် (၉၄/၇)အနီး တံတားအမှတ် (၃/၉၅)နေရာရှိ တံတားအောက်ခြေတွင် ငါးဂါလန်ပုံးများဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းခုနစ်လုံးနှင့် မိုင်တိုင်အမှတ်(၉၄/၃) နေရာ၌ ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးတို့အားလည်းကောင်း စုစုပေါင်း သန္တရ လက်လုပ်မိုင်း ၁၁ လုံးတို့အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဖယ်ရှားရှင်းလင်းခဲ့ရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း