ကျိုင်းတုံမြို့၌ တောမီးလောင်ကျွမ်းမှုစောင့်ကြည့်ရေး ကွန်ပျူတာစနစ်ပေးအပ်ခြင်းနှင့် တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေး နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပ
ကျိုင်းတုံမြို့၌ တောမီးလောင်ကျွမ်းမှုစောင့်ကြည့်ရေး ကွန်ပျူတာစနစ်ပေးအပ်ခြင်းနှင့် တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေး နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / June 19, 2025

နေပြည်တော် ဇွန် ၁၈
တောမီးလောင်ကျွမ်းမှု စောင့်ကြည့်ရေး ကွန်ပျူတာစနစ်ပေးအပ်ခြင်းနှင့် တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေး နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်စည်ပင် သာယာရေးရုံး သုံးထပ်ခန်းမဆောင်၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ ထိုင်းနိုင်ငံ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ဒေသနှင့် အိမ်နီးချင်းနိုင်ငံများရေးရာရုံး၊ နယ်စပ်ရေးရာဌာန ညွှန်ကြားရေးမှူး တီရာပန်ထရီပီပတ်ပါ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ထိုင်းနိုင်ငံမှ နည်းပညာကျွမ်းကျင် ပညာရှင်များဆိုင်ရာ ဦးဆောင်ကိုယ်စားလှယ်တစ်ဦးက အမှာစကားပြောကြားကာ တက်ရောက်လာသူများက စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ ကျိုင်းတုံမြို့ မြို့သစ်ရပ်ကွက်ရှိ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့သွားရောက်၍ တောမီးလောင်ကျွမ်းမှုစောင့်ကြည့်လေ့လာရေး နည်းပညာ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းသင်ကြားနေမှု၊ တောမီးလောင်ကျွမ်းမှု စောင့်ကြည့်ရေး ကွန်ပျူတာစနစ်များ တပ်ဆင်ထားရှိနေမှုနှင့် အသုံးပြုပုံများကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားရာ တိုင်းမှူးကလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025