ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
Ministry of Information/ Naypyitaw / November 09, 2025
ကျောက်မဲ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင်ကျင်းပရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်သည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ကျောက်မဲဒေသတွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှစ၍ ကျောက်မဲမြန်မာ့စီးပွားရေးဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း၊ ယခုအခါကျောက်မဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ယနေ့မှစ၍ဘဏ်ကို ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတဝန်းငွေလွှဲခြင်းလုပ်ငန်း၊ စာရင်းရှင်စာရင်းဖွင့်သည့်လုပ်ငန်း၊ အငြိမ်းစားလစာထုတ်သည့်လုပ်ငန်း၊ ငွေစုစောင်းအပ်နှံခြင်းလုပ်ငန်း အစရှိသည့်ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများကကျောက်မဲမြို့ မြန်မာ့စီးပွားရေး ဘဏ်ခွဲဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက်တာဝန်ရှိသူများသည်ဘဏ်မှ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာ ထုတ်ပေးနေသည့်အခြေအနေများကို ကြည့်ရှု၍သက်ကြီးရွယ်အို အငြိမ်းစားပင်စင်စားဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။
ကျောက်မဲခရိုင် (ပြန်/ဆက်)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
