ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
Ministry of Information/ Naypyitaw / November 09, 2025
ကျောက်မဲ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင်ကျင်းပရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်သည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ကျောက်မဲဒေသတွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှစ၍ ကျောက်မဲမြန်မာ့စီးပွားရေးဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း၊ ယခုအခါကျောက်မဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ယနေ့မှစ၍ဘဏ်ကို ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတဝန်းငွေလွှဲခြင်းလုပ်ငန်း၊ စာရင်းရှင်စာရင်းဖွင့်သည့်လုပ်ငန်း၊ အငြိမ်းစားလစာထုတ်သည့်လုပ်ငန်း၊ ငွေစုစောင်းအပ်နှံခြင်းလုပ်ငန်း အစရှိသည့်ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများကကျောက်မဲမြို့ မြန်မာ့စီးပွားရေး ဘဏ်ခွဲဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက်တာဝန်ရှိသူများသည်ဘဏ်မှ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာ ထုတ်ပေးနေသည့်အခြေအနေများကို ကြည့်ရှု၍သက်ကြီးရွယ်အို အငြိမ်းစားပင်စင်စားဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။
ကျောက်မဲခရိုင် (ပြန်/ဆက်)
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 09, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Posted on Nov 08, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Posted on Nov 07, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Posted on Nov 8, 2025သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့်
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 8, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 8, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
