ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း
ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း
Ministry of Cooperatives and Rural Development/ Naypyitaw / February 11, 2026
ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း
ကျောင်းကုန်း ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေ များကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်နှင့် ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကျေးရွာ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ၌ လမ်းအရှည် ၄ ဒသမ ၆၉၇ ဖာလုံ၊ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ရှိ မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း နှင့် Box-Culvert (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ၅၁၀ ဒသမ ၈၉၃ သန်းဖြင့် ZLT ကုမ္မဏီ မှ ၂၀၂၅ခုနှစ် ဇွန်လ ၁၀ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း နှင့် အဆိုပါ လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာရှိ လူဦးရေ ၁၂၆၆ ဦး ၏ စိုက်ဧက ၃၀၀ အတွက် အကျိုးပြုသွားမည် ဖြစ်ကြောင်း ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးထံမှ သိရှိရသည်။
ဇင်မာ
AnnouncementsExplore more >
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
