ကျောင်းပြင်ပအလယ်တန်းပညာရေးကို မြို့နယ် ၂၉ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၂၆၁၅ ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ

ကျောင်းပြင်ပအလယ်တန်းပညာရေးကို မြို့နယ် ၂၉ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၂၆၁၅ ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ


Ministry of Information/ Naypyitaw / January 08, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၇

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး ဒုတိယစာသင်နှစ်ဝက် (Semester 2 , 4 , 6) နည်းပြများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်(၄၂၆) ပြည်လမ်းရှိ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်းအဖွဲ့ဥက္ကဋ္ဌနှင့် စာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့တို့မှ တာဝန်ရှိသူများ၊ နည်းပြဆရာ ဆရာမများ၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် သင်တန်းသား၊ သင်တန်းသူ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာရေးအဆင့်အသီးသီးကို ဆုံးခန်းတိုင်မသင်ကြားခဲ့ရသူများကို ထိုပညာရေးအဆင့် ပြီးမြောက်စေရန် ကျောင်းပြင်ပမှပညာသင်ကြားလိုသူများ ဆက်လက်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပပညာရေးမှ ကျောင်းပညာရေး (သို့မဟုတ်) နည်းပညာနှင့် သက်မွေးပညာရေးသို့ ကူးပြောင်းနိုင်သည့် တန်းညှိပညာရေးအစီအစဉ်များကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကို ၂၀၁၆ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် မြို့နယ် ၂၉ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၂၆၁၅ ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း။

ကျောင်းပြင်ပ ပညာရေးကို အကောင်အထည်ဖော်နေသည့် ဆရာ ဆရာမများကို ကျောင်းသင်ဆရာ ဆရာမများကဲ့သို့ စွမ်းရည်မြှင့်သင်တန်းများ နှစ်စဉ် စာသင်နှစ်အလိုက် ဦးစီးဌာန​၏စီမံကွပ်ကဲမှု၊ စာတတ်မြောက်ရေးအထောက်အကူပြုပင်မအဖွဲ့၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ ဆရာမများ၊ ကြီးကြပ်များအနေဖြင့် နည်းပြများသင်ကြားပို့ချသည့် သင်ခန်းစာများနှင့် နည်းပညာများကို အပတ်တကုတ် ကြိုးစားသင်ယူပြီး မိမိတို့ဒေသရှိ ကျောင်းပြင်ပပညာရေး Center များရှိ ကလေးများကို အရည်အသွေးရှိသော ကျောင်းပြင်ပအလယ်တန်းပညာရေးကို အပြည့်အဝသင်ယူခွင့်ရရှိစေရေး၊ နိုင်ငံတော်အတွက် အနာဂတ်သားကောင်းရတနာများဖြစ်လာစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများကို ထောက်ပံ့ငွေ ပေးအပ်ရာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။

ယင်း‌နောက် စာတတ်မြောက်ရေးအထောက်အကူပြုပင်မအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင်ညိုက နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းပြင်ပအလယ်တန်းပညာရေး လုပ်ငန်း‌ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ယခုကျင်းပသည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဒုတိယ စာသင်နှစ်ဝက် (Semester 2, 4, 6) နည်းပြများ စွမ်းရည်မြှင့်သင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပဆောင်ရွက်မည်ဖြစ်သည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနရှိ ဆယ်ခန်းတွဲ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လမ်းမတော် မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ကြည့်မြင်တိုင်မြို့ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းအလိုက် ဆရာ ဆရာမများအတွက် ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ရာ တာဝန်ရှိသူဆရာ ဆရာမများက လက်ခံရယူကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။