ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 31, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၀

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးသို့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ နောက်ဆုံးကောက်ယူထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကြည့်မည်ဆိုပါက အသက် ၁၅ နှစ်နှင့် အထက် အရွယ်ရောက်ပြီးသူများ၏ စာတတ်မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံလူဦးရေ၏ ၇ ဒသမ ၉ ရာခိုင်နှုန်းသည် စာတတ်မြောက်မှုမရှိသည်ကို ထုတ်ပြန်ထားချက်များအရ တွေ့ရှိရကြောင်း၊ နောက်ဆုံးကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျောင်းလုံးဝမတက်ဖူးသူ ရာခိုင်နှုန်းမှာ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည့်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက် ၁၅ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား စာတတ်မြောက်ရေးသင်ကြားပေးရန် လိုအပ်လျက်ရှိသည်ကို သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ တွေ့ရှိရကြောင်း။

ပညာရေးကဏ္ဍဆိုင်ရာစီမံကိန်းများ ချမှတ်လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေကျခံသုံးစွဲမှုကိုပါ ထည့်သွင်းဆောင်ရွက်ရသဖြင့် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ ဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးဆောင်ရွက်ပေးမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်စီမံကြီးကြပ်၊ ဘဏ္ဍာငွေပံ့ပိုးမှုများကလည်း အရေးကြီးကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က အမှာစကားပြောကြားကြပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများက ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ် (၇) အခြေခံ ပညာအထက်တန်းကျောင်း၊  အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းစာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာသင်ယူနေမှု၊ ဓာတုဗေဒလက်တွေ့စမ်းသပ်ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ကျောင်းမုန့်ဈေးတန်းများ၊ သန့်စင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။