ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များ ရာသီဥတုကောင်းမွန်မှုကြောင့် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များ ရာသီဥတုကောင်းမွန်မှုကြောင့် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ


Ministry of Information/ Naypyitaw / July 27, 2025
image_latest


ကျွန်းစု ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိရာမှ ယနေ့နံနက်ပိုင်းတွင် အမြန်‌ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ နှင့် ပင်လယ်ပြင်အခြေအနေမှာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သဖြင့် မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ် ပြေးဆွဲနေသော သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များအားလုံး ထွက်ခွာခွင့် လုံးဝ (လုံးဝ) မပြုကြောင်း၊ ရေယာဉ်ထွက်ခွာခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲပြဿနာများအတွက် ရေယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ်ပြေးဆွဲမည့် ခရီးသည်တင်အမြန်ရေယာဉ်များအနေဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပါ၍ ခရီးသည်အားလုံးကို ရေယာဉ်အတွင်း၌သာ စီးနင်းကြရန်တို့ကို ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။

ကျွန်းစုမြို့တွင် နေ့စဉ်အမြန်ရေယာဉ်အတက်၊ အဆင်းနှစ်ခေါက်နှင့် သစ်သားခွံကုန်တင်စက်လှေအတက်၊ အဆင်းတစ်ခေါက်ပြေးဆွဲလျက်ရှိရာ ယခုအချိန်တွင် ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိသော အမြန်ရေယာဉ်များသည် တိုင်းဒေသကြီး မိုး/ဇလမှ ရာသီဥတုကောင်းမွန်၍ ရေယာဉ်များ ထွက်ခွာခွင့်ရရှိကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -