ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လွိုင်လင်မြို့၌ ဖမ်းဆီးရမိ

ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လွိုင်လင်မြို့၌ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / April 22, 2026
image_latest


နေပြည်တော် ဧပြီ ၂၂

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးများအား ကုန်ပစ္စည်းများနှင့် ရောနှောသယ်ဆောင်လာသည့် ၁၂ ဘီးတစ်စီးအား ဧပြီ ၂၀ ရက် ညပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ နေမင်းရောင်တိုးဂိတ်၌ စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

လွိုင်လင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေမင်းရောင်တိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ဧပြီ ၂၀ ရက် ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ဖြိုးဝေထွန်း (ဘ) ဦးမောင်သိန်း (၂၃) နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ခန့်ကျော်ထက် (ဘ) ဦးခင်မောင်လွင် (၂၁) နှစ် လိုက်ပါလာသည့် Nissan Diesel အစိမ်းရောင် ၁၂ ဘီးမော်တော်ယာဉ်အမှတ် MDY-20/4H----- အား စစ်ဆေးရာ ယာဉ်ပေါ်မှ အဝါရောင်ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရုတ်စာတန်းနှင့် GUAN YIN WAN စာတန်းပါ ICE အဖြူရောင်ပုံဆောင်ခဲများထည့်ထားသည့် အဝါရောင်ဆာလာအိတ် ၄၈ အိတ် (ICE အဖြူရောင်ပုံဆောင်ခဲ ၁၂၀၀ ကီလိုဂရမ်ခန့်)၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံခန့်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ ယာဉ်မောင်း၏ ပြောကြားချက်အရ ၎င်းတို့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ချောင်းဦးမြို့မှ မိုင်းလားမြို့အထိမောင်းနှင်ရသည့် ယာဉ်မောင်းအလုပ်ကို ယာဉ်နောက်လိုက် ခန့်ကျော်ထက်နှင့်အတူ လုပ်ကိုင်ခဲ့ကြောင်း၊ ဧပြီ ၁၈ ရက်တွင် မိုင်းလားမြို့မှ ချောင်းဦးမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကုန်ပစ္စည်းများမပါဝင်သဖြင့် ကုန်များရရှိရေး ချိတ်ဆက်ခဲ့ရာ နမ့်စန်မြို့၊ အမှတ် (၉) ကျေးရွာအကျော်ရှိ ပြည့်ဖြိုးကျော်ပြောင်းပွဲရုံနှင့် ချိတ်ဆက်မိပြီး ဧပြီ ၂၀ ရက်တွင် ပွဲရုံပိုင်ရှင် ဝင်းဇော်ညွန့်နှင့် ခင်ဝင်းဆွေတို့က ကြက်စာအိတ် ၄၈ အိတ်နှင့် ပြောင်းအိတ် ၂၅၀ အိတ်တို့ကို တင်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည့်ဖြိုးကျော်ပွဲရုံပိုင်ရှင် ဝင်းဇော်ညွန်နှင့် ခင်ဝင်းဆွေတို့အား ပူးပေါင်းအဖွဲ့က နေအိမ်၌သွားရောက်ဖမ်းဆီးပြီးစစ်ဆေးရာ ၎င်းတို့ပွဲရုံသို့ ဧပြီ ၁၄ ရက်တွင် AD Van အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသား ၅ ဦးရောက်ရှိလာပြီး ပြောင်း ၂၅၀ အိတ် ဝယ်ယူခဲ့ကြောင်း၊ ဧပြီ ၁၉ ရက်တွင် လင်းလင်းဆိုသူက အဆိုပါ ပြောင်းစာအိတ်များနှင့်အတူ ကြက်စာအိတ် ၄၈ အိတ်ကိုပါ တင်ဆောင်မည်ဟုဖုန်းဆက်ကာ လာရောက်ပို့ဆောင်ခဲ့ကြောင်းနှင့် ဧပြီ ၂၀ ရက်တွင် ယခုဖမ်းဆီးရမိသည့် မော်တော်ယာဉ်ရောက်ရှိလာပြီး ကုန်များ တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများ၊ ဖမ်းဆီးရမိမော်တော်ယာဉ်တို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆