ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ

ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / December 26, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ဧမာနွေလဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဒေါက်တာတူးတူး (ခရစ်ယာန် ဘာသာ)၊ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ ဗဟိုကော်မတီအတွင်းရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌများနှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်များမှဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ခရစ်ယာန်ဘာသာဝင်မိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဖွဲ့ (ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ထို့နောက် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ခရစ်ယာန်ဘာသာဝင် ဗဟိုအလုပ်အမှုဆောင်များက ဧည့်သည်တော်များအား ခရစ္စမတ်လက်ဆောင်များပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ခြင်းတို့ကို အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။