ခရီးသွားများလာရောက်လည်ပတ်နိုင်ရေး လုံခြုံချောမွေ့စေရေးကြိုးပမ်းဆောင်ရွက်
ခရီးသွားများလာရောက်လည်ပတ်နိုင်ရေး လုံခြုံချောမွေ့စေရေးကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / October 04, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂ ရက်နေ့က ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော် ရှေးဟောင်းမီးရထားလမ်းတံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား (ကျောက်မဲမြို့ဘက်ခြမ်း) ကို TNLA အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး နောင်ချို-ကျောက်မဲလမ်းကြောင်းတစ်လျှောက်၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများပိတ်ဆို့ထားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းပြီး လမ်းကြောင်းတစ်လျှောက်ရှိအတားအဆီးများကို လူအင်အား၊ စက်ယန္တရားအင်အားအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများနှင့် တံတားများကို အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး၊ ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် တပ်မတော်မှစစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ယာယီသံပေါင်ဘေလီတံတားထိုးခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် ဩဂုတ်လ၂၉ ရက်နေ့မှစတင်၍ နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကျောက်မဲ-နောင်ချို-ပြင်ဦးလွင်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဒေသခံခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ကမ္ဘာ့သမိုင်းဝင်ဂုတ်ထိပ်မီးရထားလမ်းတံတားပျက်စီးမှုအပိုင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအကူအညီဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများက နေ့မအား၊ ညမနားပြုပြင်လျက်ရှိရာ ယခုအခါဂုတ်ထိပ်မီးရထားလမ်းတံတား ပြုပြင်တည်ဆောက်မှုလုပ်ငန်းများ ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးနေကြောင်းသိရသည်။ မန္တလေး-လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဂုတ်ထိပ်-နောင်ပိန်ကြား ဂုတ်ထိပ်တံတားတိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံအကြားထိခိုက်ပျက်စီးမှုကို ရှေးမူလပုံစံပါအတိုင်း သံပေါင်အသစ် အစားထိုးပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ပျက်စီးခဲ့သည့် သံပေါင်အဟောင်းကို ဖယ်ရှားရှင်းလင်း၍ ယာယီသံပေါင်များထည့်သွင်းပြီး ပျက်စီးခဲ့သည့်သံပေါင်နှင့်ပုံစံတူ သံပေါင်အသစ်နှင့် သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ လမ်းပိုင်းတစ်လျှောက် တောချုံခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းပိုင်းများပြုပြင်ခြင်း၊ ထုံးဖို-ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲရထားလမ်းပိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် ရထားလမ်းတစ်လျှောက်၌ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ထားမှုများကို ရှင်းလင်းဖယ်ရှားခဲ့သည်။ ယုတ်မာပက်စက်သည့် အကြမ်းဖက်သောင်းကျန်းသူများသည် သူခိုးဓားပြကဲ့သို့ သံလမ်းဆက်ပြား ၃၈၃၂ ပြား၊ မူလီ ၁၇၁၈၈ လုံး၊ သံလမ်းထိန်းကလစ် ၁၆၃၁၁၅ ချောင်းကို ခိုးယူထွက်ပြေးသွားခဲ့သည်။
အများပြည်သူလွယ်ကူချောမွေ့စွာသွားလာနိုင်ရေးအတွက် ရှေးအစဉ်အဆက် တည်ဆောက်ပေးထားသည့် သမိုင်းဝင်ရှေးဟောင်းဂုတ်ထိပ်ရထားလမ်းတံတားကြီး မူလပုံစံမပျက် ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် တပ်မတော်နှင့် သက်ဆိုင်ရာဝန်ထမ်းများက နေ့မအား၊ ညမနား အားကြိုးမာန်တက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်ချိန်တွင် ရထားများအဆင်ပြေချောမွေ့စွာပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန်ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများအားဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်းများအသုံးပြု၍ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်ကာလတွင် ရန်ကုန်- နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုးချဲ့ပြေးဆွဲရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားထားသည်။
သို့ဖြစ်ရာ အများပြည်သူသွားလာမှုလွယ်ကူချောမွေ့စေရေးနှင့် ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြင်ဦးလွင်-နောင်ချို- ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်း အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် တပ်မတော်နှင့်အတူ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Posted on Oct 02, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 30, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 3, 2025သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း