ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်းနှင့် နိုင်ငံအဆင့် အာဆီယံသင်ကြားရေးဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်းနှင့် နိုင်ငံအဆင့် အာဆီယံသင်ကြားရေးဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 28, 2024
image_latest


နေပြည်တော် မေ ၂၇

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်း၊ နိုင်ငံအဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ နှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ASEAN Master Trainer နှင့် Assessor များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချနေသော ပုဂ္ဂလိကသင်တန်းကျောင်းနှင့် စစ်ဆေးအကဲဖြတ်ဌာန (Assessment Center) များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ပုဂ္ဂလိကသင်တန်းကျောင်းများ အနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်ဌာနများက ထုတ်ပြန်ထားရှိသော ပညာရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်းဖြင့် စံချိန်စံနှုန်းမီ စေရန် လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ယခုအသိအမှတ်ပြုမှုအစီအစဉ်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း၊ အသိအမှတ်ပြုမှုအစီအစဉ် အောင်မြင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့်မီအောင် ပြင်ဆင်ဆောင်ရွက်ပြီး နည်းပြများအနေနှင့်လည်း နိုင်ငံအဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ်သင်တန်းများ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များ လျှောက်ထားရယူကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ဝန်ကြီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းများ ဖြစ်ထွန်းလာစေရန်နှင့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ - ၃ ဦးကျော်မင်းထင်က ကျေးဇူးတင် စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CTD) ၌ ကျင်းပပြုလုပ်သော မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “The Establishment of Bakery & Pastry Training” စီမံကိန်း၏ မုန့်ဖုတ်နည်း (အခြေခံ) သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက် သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေနှင့် မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် အကျိုးရလဒ်များ၊ နိုင်ငံတကာ မုန့်ဖုတ်နည်း အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖြန့်ဝေပေးနိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မှုအခြေအနေ၊ သင်တန်းတက်ရောက်အောင်မြင်ပြီးသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုအခြေအနေနှင့် ဝန်ကြီးဌာနမှ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများထံ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ပြီး ထူးချွန်စွာအောင်မြင်သော သင်တန်းသားကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းပို့ချနေမှုနှင့် လက်တွေ့မုန့်ဖုတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Posted on Aug 31, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Posted on Aug 30, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Posted on Aug 28, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Posted on Aug 26, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်သူများထံ အသိပေးပန်ကြားချက်

Posted on Aug 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Posted on Aug 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,