ခရီးသွားလုပ်ငန်းကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

ခရီးသွားလုပ်ငန်းကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်


Ministry of Hotel & Tourism/ နေပြည်တော် / August 05, 2025


နေပြည်တော် ဩဂုတ် ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနတာဝန်ခံများ၊ အရာထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဝန်ကြီးဌာနဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းများဆောင်ရွက် နေမှု၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ဌာန အလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်စေရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်းဖြစ်ပေါ်လာစေရေး မျှော်မှန်းပြီး ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့်မိသားစုဝင် များ ယာယီနေထိုင်နိုင်ရန် ဝန်ကြီးဌာနရုံးအနီးတွင် ဆောက်လုပ်ထားရှိသည့် နှစ်ခန်းတွဲဘာရှာ အဆောက်အအုံများ၌ နေထိုင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် မိသားစုဝင်များ လိုင်းစည်းကမ်းနှင့် စည်းစနစ်တကျနေထိုင်ကြရေး၊ ဌာနတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းမိသားစုများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေး မှာကြားသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

Posted on Aug 7, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း

Posted on Aug 5, 2025

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း