ခေါင်းဆောင်၊ ပြည်သူနှင့် အမျိုးသားရေးတာဝန်

ခေါင်းဆောင်၊ ပြည်သူနှင့် အမျိုးသားရေးတာဝန်


Ministry of Information/ Naypyitaw / March 31, 2026
image_latest


မကြာမြင့်တော့သည့်ကာလအတွင်းတွင် အစိုးရသစ်တစ်ရပ်နှင့်အတူ မိမိတို့ပြည်သူအားလုံး နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အမျိုးသားရေးတာဝန်ကြီးကို ကျရာကဏ္ဍအသီးသီးမှနေ၍ ကြိုးပမ်းထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ ယနေ့ကာလ မိမိတို့ပြည်သူများ လိုလားကြသည့် ပကတိဆန္ဒများမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးပင်ဖြစ်သည်။

နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီစနစ်ဖြင့် အကောင်အထည်ဖော်ရာတွင် ဦးစီးဦးဆောင် ပုဂ္ဂိုလ်များ ပေါ်ပေါက်ခြင်း၊ နိုင်ငံခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်မည်ဟူသော ရည်မှန်းချက်များ ခိုင်ခိုင်မာမာ ချမှတ်ခြင်း၊ ဦးဆောင်သည့် ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုကြားတွင် ခိုင်မြဲသည့် ဆက်သွယ်မှုများ ထူထောင်ခြင်း၊ ခေါင်းဆောင်နှင့် ပြည်သူတို့ ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အဆောက်အအုံပိုင်းဆိုင်ရာ ဖွဲ့စည်းမှုများ ပြုလုပ်ခြင်း စသည့်အဆင့်များကို ဖြတ်သန်းကြရသည်ဟု ပညာရှင်တို့က ဆိုထားသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ ခေါင်းဆောင်မှုနေရာများတွင် ရောက်ရှိနေသူများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းပြသော စိတ်အားထက်သန်မှု ရှိနေသူများဖြစ်ရန်လိုပြီး အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကုန်ထုတ်လုပ်သူများက သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပါဝင်ကြရမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွင် ခေါင်းဆောင်သူများသည် ကြုံတွေ့ရသော အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် အစပျိုးတွန်းအားများကို ပေးသူ၊ ပြည်သူများ စွမ်းအားစိုက်ထုတ် လုပ်ဆောင် လာကြရန် ရှေ့ဆောင် နှိုးဆော်သူ၊ ထိရောက်သော အဆောက်အအုံပိုင်း ဖွဲ့စည်းမှုများနှင့် မှန်ကန်သော မူဝါဒများချမှတ်ရေးတို့ကို ဆောင်ရွက်သူ၊ ပြည်သူများက အစွမ်းအစများထုတ်၍ ကြိုးပမ်းနိုင်သည့်အခြေအနေနှင့် အခွင့်အလမ်းများ မရှိပါက ရှိလာအောင် ဖန်တီးပေးသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူတို့က တစ်ခဲနက် ပါဝင်လာကြရန် ခေါင်းဆောင်တို့က စွမ်းဆောင်ကြရ မည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံသားတို့၏ ကဏ္ဍမှာလည်း ခေါင်းဆောင်များနည်းတူ များစွာအရေးကြီးသည်။ နိုင်ငံတွင်ရှိနေသည့် ပြည်သူလူထု၏ အရည်အသွေး၊ အရည်အချင်းများက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်လျက်ရှိရာ လူတို့၏ အရည် အသွေး၊ အရည်အချင်း ပြည့်ဝမှသာ စွမ်းဆောင်ရည်ပြည့်ဝသည့် လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံကိုတည်ဆောက်နိုင်ကြမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပြည့်ဝသော လူ့အဖွဲ့အစည်းဆိုသည်မှာ အလုပ်လုပ် နိုင်သည့် စွမ်းရည် ( the ability to work) ရှိသကဲ့သို့ အလုပ်လုပ်လို သည့်စိတ် ( the will to work ) နှင့်လည်း ပြည့်စုံသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ အလုပ်လုပ်နိုင်သည့်စွမ်းရည်သည် ရုပ်ပိုင်းအရ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုနှင့် စိတ်ပိုင်းအရ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု စသည့် အရည်အချင်းများ ပါဝင်သည်။ အလုပ်လုပ်နိုင်သည့် စွမ်းရည်များရှိသည့် ပြည်သူများ ဖြစ်လာစေရန် ပျိုးထောင်ဖန်တီးပေးရန် လိုအပ်သကဲ့သို့ ၎င်းတို့၏ စွမ်းရည်များ လက်တွေ့အလုပ်ဖြစ်လာစေရန်လည်း ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အင်အားများ ရရှိနိုင်မည်ဖြစ်သည်။

မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မဖြစ်မနေလိုအပ်သည့်အချက်မှာ စည်းလုံးညီညွတ်မှုဖြစ်သည်။ စည်းလုံးညီညွတ်မှုဟုဆိုရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသာမက နိုင်ငံတစ်ဝန်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိရောက်ပျံ့နှံ့မှု၊ နိုင်ငံ့ခေါင်းဆောင်နှင့် ပြည်သူတို့ တစ်သားတည်းရှိမှု၊ နိုင်ငံ၏ အရေးအရာများတွင် ပြည်သူတို့က စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ပြည်သူတို့၏ လူမှုရေးစည်းကမ်း (social discipline) ထိန်းသိမ်းလိုက်နာမှုစသည့် အခြင်းအရာများ ပါဝင်သော အမျိုးသားစုစည်းမှုမျိုးကို လိုအပ်ခြင်းဖြစ်သည်။

လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၈ဝ နီးနီးရှိလာပြီဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းတစ်နေရာသို့ ရောက်ရှိရန် အချိန်အခါသင့်ပြီဖြစ်သည်။ ပထဝီဝင်အနေအထား၊ ရေ၊ မြေ၊ ရာသီဥတု၊ သယံဇာတများ စသည်တို့အခြေအနေကောင်းများ ပြည့်စုံသည့်အပြင် ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကလည်း မိမိတို့ရယူနိုင်မည့် အခွင့်အလမ်းများရှိနေရာ အစိုးရနှင့် ပြည်သူတို့ အားသွန်ကြိုးပမ်းဆောင်ရွက်ကြသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစပျိုးသည့်အားကို ရရှိကြမည်ဖြစ်သည်။ မှန်ကန်သည့် ဦးစီးဦးဆောင်မှုနောက်တွင် ယုံကြည်စွာ လိုက်ပါပြီး ကာယ၊ ဉာဏ၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ စိုက်ထုတ် အလုပ်လုပ်ကြခြင်းဖြင့် မိမိတို့ပြည်သူအားလုံး မျှော်မှန်းကြသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် လူ့ဘောင်ကို မဝေးတော့သည့် အနာဂတ်တွင် အခိုင်အမာတည်ဆောက်နိုင်ကြပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း