ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၌ CDF အမည်ခံ အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ဝန်ထမ်း တစ်ဦးအား လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ဆောင်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၌ CDF အမည်ခံ အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ဝန်ထမ်း တစ်ဦးအား လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / September 28, 2025


  အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေးတောင်းခံခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက် ရှိပါသည်။

  ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဖြစ်သူ ဒေါ်နမ်းခန့်ဆွင်းသည် မြို့နယ်စုပေါင်းရုံးအတွင်း တာဝန်ထမ်းဆောင်နေစဉ် CDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းအား ဖုန်းအမှတ် ၀၉-၄၂၄၆၉၂၈၁၄ ဖြင့် ခေါ်ဆို၍ အကြမ်းဖက်ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ဖုန်းဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025
AnnouncementsExplore more >

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း

Posted on Sep 30, 2025

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 26, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 24, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

HOT NEWS
January 4,