ချင်းအမျိုးသားနေ့ကျင်းပသည့်နေရာသို့ CDF(ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့

ချင်းအမျိုးသားနေ့ကျင်းပသည့်နေရာသို့ CDF(ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့


Ministry of Information/ Naypyitaw / February 20, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အေးအတူပူအမျှ အတူလက်တွဲ နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားများအနက် တစ်ခုအပါအဝင်ဖြစ်သော ချင်းတိုင်းရင်းသားတို့၏ အထိမ်းအမှတ်အခမ်းအနားတစ်ခုဖြစ်သည့် ချင်းအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပလျက်ရှိသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးနေရာသို့ CDF (ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက အခမ်းအနားကျင်းပနေမှုကို ပျက်စီးစေရန်နှင့် အဆိုပါအခမ်းအနား တက်ရောက်လာကြသည့် အများပြည်သူများ ထိခိုက်သေကျေအောင် ရည်ရွယ်ချက်ဖြင့် FPV suicide drone များဖြင့် ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးအား CDF (ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်း၌ FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခြင်းဆောင်ရွက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အခမ်းအနားကျင်းပနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင်ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ချင်းအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပသည့်နေရာနှင့် အများပြည်သူ အေးချမ်းစွာနေထိုင်လျက်ရှိသည့် လူစည်ကားရာ နေရာများတွင် အများပြည်သူများအား ထိခိုက်သေကျေပျက်စီးစေရန် ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဒေသခံပြည်သူများအနေဖြင့် စက်ဆုတ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များအား ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း