ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၃,၅၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၄ ကီလိုကျော် ဖမ်းဆီးရမိ
ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၃,၅၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၄ ကီလိုကျော် ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / December 25, 2025
နေပြည်တော် ဒီဇင်ဘာ ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A) x ၁၁၀ လမ်းထောင့်တွင် အောင်မြင့် မောင်းနှင်ပြီး ဝင်းမြိုင် လိုက်ပါလာသော TOYOTA LAND CRUISER မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)အား ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ည ၆ နာရီခွဲအချိန် ၎င်းတို့ ၂ ဦး နေထိုင်သည့် အမရပူရမြို့နယ်၊ “ဝဝ”(၂)ရပ်ကွက်ရှိနေအိမ်မှ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂,၄၇၅ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃,၅၇၅ သိန်း)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိဘိန်းဖြူများအား ဖယ်ခုံမြို့နယ်နေ ကျော်ဦး(ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
