ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / October 29, 2024
နေပြည်တော် အောက်တိုဘာ ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံကမ်းခြေဒေသ Sea & Lake အပန်းဖြေစခန်းသို့ရောက်ရှိပြီး ဒီရေတောစိုက်ခင်းများကို စနစ်တကျထိန်းသိမ်း၍ ခရီးသွားဆွဲဆောင်မှုတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ထားမှု၊ ကျောက်စိမ်းပြတိုက်နှင့် သစ်သားပန်းပုပြတိုက်များ ခင်းကျင်းပြသထားမှု၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စွန့်စားအားကစား ခရီးသွားလုပ်ငန်း အစီအစဉ်များဖြစ်သည့် Zip Lining၊ Wall Climbing ၊ Quick Jump အစရှိသည့် အားကစားနည်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ချောင်းသာကမ်းခြေခရီးစဉ်ဒေသ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး ဌာနပိုင်အဆောက်အအုံများနှင့် တည်ဆောက်ဆဲဟိုတယ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ချောင်းသာကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ချောင်းသာကမ်းခြေဒေသ Azura Beach ဟိုတယ်၌တွေ့ဆုံ၍ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ချောင်းသာကမ်းခြေဒေသသို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားကာ ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အခြေအနေနှင့်ဝန်ဆောင်မှုပေးနေမှုများ၊ ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
Posted on Oct 26, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။
Posted on Oct 25, 2024
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Posted on Oct 30, 2024အငယ်တန်းစာရေးရာထူး(၃)နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း-
Posted on Oct 8, 2024အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး(၃)နေရာအတွက် (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် ကျင
ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး (၃)နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း
Posted on Oct 8, 2024အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၃)နေရာ အတွက် (၂၂-၁၀-၂၀၂၄)