ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က တုံ့ပြန်ချေပလျှောက်လဲချက်
ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က တုံ့ပြန်ချေပလျှောက်လဲချက်
Ministry of Information/ Naypyitaw / January 20, 2026
မြန်မာနိုင်ငံ၏ ရေးသားတင်သွင်းထားသောလျှောက်လဲချက် နှစ်စောင်အနက် အခန်း (၇) သည် ဂမ်ဘီယာနိုင်ငံက ကိုးကားအားပြုထားသော အခြားစာရွက်စာတမ်းများ၏ အထောက်အထားခိုင်လုံမှု (Evidential weight) နှင့် သက်ဆိုင်ပြီး ဂမ်ဘီယာ၏ လျှောက်လဲချက်များတွင် ကိုးကားထားသည့် နောက်ဆက်တွဲများပါ စာရွက်စာတမ်းအထောက် အထားများသည် ခိုင်လုံမှုလုံးဝမရှိကြောင်း မြန်မာနိုင်ငံက တုံ့ပြန်ထားပြီးဖြစ်ပါကြောင်း။
ဂမ်ဘီယာသည် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာပါ တွေ့ရှိချက်များကို အပြီးသတ်စီရင်ပြီးသားကိစ္စ (Res judicata) ကဲ့သို့ တရားရုံးကလက်ခံရန် တောင်းဆိုနေသည့်အပြင် မြန်မာနိုင်ငံက ထောက်ပြသည့်အချက်အပေါ် အသေးစိတ်ချေပခြင်းလည်းမရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအခြေခံမူဝါဒများအရ တရားရုံးသည် သတ်မှတ်ထားသော သက်သေပြမှုစံနှုန်းနှင့်အညီ စစ်ဆေးအကဲဖြတ်ထားသည့် အချက်အလက်များကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ တရားရုံးသည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု သို့မဟုတ် NGO တစ်ခုခုက ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုထံသို့ မိမိ၏အချက်အလက်ရှာဖွေဖော်ထုတ်မှုဆိုင်ရာ တာဝန်ဝတ္တရားများကို လွှဲပြောင်းပေး၍ မရနိုင်ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည် နိုင်ငံတစ်ခုအပေါ် စွပ်စွဲနိုင်သည့် အပြင်းထန်ဆုံး စွပ်စွဲချက်များအနက် တစ်ခုဖြစ်သဖြင့် တော်သင့်ရုံထိန်းသိမ်းမှုဖြင့်သာ ပြုလုပ်သင့်ပါကြောင်း။
ဂမ်ဘီယာနိုင်ငံက ကိုးကားထားသည့် အထောက်အထားအားလုံးနီးပါး၏ အရင်းအမြစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများဖြစ်နေပြီး သက်သေထွက်ဆိုချက် အားလုံးနီးပါးမှာ ထိုသူများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်သာမက ဂမ်ဘီယာက ကိုးကားထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများ၊ သတင်းဆောင်းပါးများပါ အချက်အလက်များသည်လည်း ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများမှရရှိသော သတင်းအချက်အလက်များအပေါ်တွင်သာ အလွန်အမင်း အခြေခံထားပါကြောင်း၊ ယင်းအချက်ကို ခွဲခြမ်းစိတ်ဖြာရန် မျက်မြင်သက်သေ အထောက်အထားများကို အမျိုးအစားသုံးမျိုးခွဲခြားနိုင်ပါကြောင်း။
ပထမအမျိုးအစားမှာ “သက်သေထွက်ဆိုချက်များ” (Witness statements) သို့မဟုတ် “ကျမ်းကျိန်လွှာများ” (Affidavits) ဖြစ်ပြီး သက်သေတစ်ဦး၏ ကိုယ်ပိုင်စကားလုံးများအဖြစ် ပထမ ပုဂ္ဂိုလ်နာမ် (First person)ဖြင့် ရေးသားထားသော စာရွက်စာတမ်းကို ဆိုလိုပါကြောင်း၊ ဒုတိယအမျိုးအစားမှာ မျက်မြင်သက်သေ အထောက်အထားများဖြစ်ပြီး “လူတွေ့မေးမြန်းမှုမှတ်တမ်းများ” (Records of interview) ဟု ခေါ်ဆိုနိုင်ပြီး သက်သေကလက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုခြင်းမရှိသဖြင့် “တစ်ဆင့်စကား (Hearsay)”များဟု ဆိုနိုင်ပါကြောင်း၊ တတိယအမျိုးအစားမှာ “သက်သေရည်ညွှန်းကိုးကားချက်များ (witness references)”ဖြစ်ပြီး အစီရင်ခံစာ တစ်စုံတစ်ရာ သို့မဟုတ် အခြားစာတမ်းတစ်ခုတွင် သက်သေတစ်ဦးက ထိုအစီရင်ခံစာ ပြုစုသည့်အဖွဲ့အစည်းသို့ ပြောကြားခဲ့သည်ဟုဆိုထားသော သီးခြားအချက်အလက်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း။
ပထမအချက်မှာ ဘင်္ဂလားဒေ့ရှ်ရှိစခန်းများတွင် ရှိနေသူများ၏ အမည်အစစ်အမှန်ကို ဖုံးကွယ်ထားမှု (Anonymity) ပျံ့နှံ့နေခြင်းဖြစ်ကြောင်း၊ IIMM ၏ သက်သေထွက်ဆိုချက် ၄၃ ခုတွင် တစ်ခုမှလွဲ၍ ကျန်အားလုံးနှင့် Legal Action Worldwide ၏ သက်သေထွက်ဆိုချက် ၄၄ ခုအနက် ၃၀ မှာ ထိုသို့ဖြစ်နေကြောင်း၊ ဒုတိယအချက်မှာ အမည် မဖော်ပြမှု ပျံ့နှံ့နေခြင်းကြောင့် ဂမ်ဘီယာနိုင်ငံက ကိုးကားထားသည့် စာရွက်စာတမ်းများသည် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ အချက်အလက် များအပေါ် အခြေခံထားခြင်း ဟုတ် မဟုတ် မသိရှိနိုင်ခြင်းဖြစ်ကြောင်း။
ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများအတွင်း နေထိုင်သူအချို့သည် ARSA အဖွဲ့ဝင်များ သို့မဟုတ် ထောက်ခံသူများဖြစ်နိုင်ကြောင်း၊ အဖွဲ့ဝင် မဟုတ်သူများသည်လည်း ၎င်းတို့၏ အယူအဆကို ဆန့်ကျင်သူများအား တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းပင်ပြုလုပ်လေ့ရှိသော ARSA အဖွဲ့ကို ကြောက်ရွံ့စွာဖြင့် နေထိုင်နေကြရကြောင်း။
သက်သေထွက်ဆိုချက်များ၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေသည့် တတိယမြောက်အချက်မှာ ထိုထွက်ဆိုချက်များကို ဖော်ထုတ်ပေးသည့် အဖွဲ့အစည်းများသည် ဘက်လိုက်မှုမရှိဟု ဆိုသည်ကို မြန်မာနိုင်ငံက လက်မခံခြင်းဖြစ်ကြောင်း။
Legal Action Worldwide က ပြင်ဆင်သည့် သက်သေထွက်ဆိုချက်များကို ပေးသူများသည် အဆိုပါအဖွဲ့အစည်း၏ အမှုသည် (Clients) များသာဖြစ်ကြကြောင်း၊ ၎င်းသည် ဤသက်သေများနှင့် အခြားအထောက်အထားများကို ဂမ်ဘီယာနိုင်ငံသို့သာပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ပေးအပ်ခဲ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် Legal Action Worldwide သည် ဤအမှုတွင် ဂမ်ဘီယာအားကူညီရန် ပွင့်လင်းစွာကြိုးပမ်းနေခြင်းဖြစ်ပါကြောင်း။
မှတ်တမ်းတင်အထောက်အထားများ၏ အခြေခံသဘောတရားမှာ မှတ်တမ်းတစ်ခုတွင်ပါရှိသော အချက်အလက်တိုင်းအတွက် မူလမြစ်ဖျားခံရာ အရင်းအမြစ် (Original source) တစ်ခုရှိပါကြောင်း၊ အဆိုပါသတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အစိုးရကထုတ်ပြန်ခဲ့ကြောင်းဟု ရေးသားထားသော အစီရင်ခံစာသည် ဒုတိယအဆင့် အရင်းအမြစ် (Secondary source) သာ ဖြစ်နိုင်ကြောင်း၊ ထိုဒုတိယအဆင့်အစီရင်ခံစာကို ထပ်ဆင့်ကိုးကားထားသော အခြားအစီရင်ခံစာတစ်ခုသည် တတိယအဆင့်အရင်းအမြစ် (Tertiary source) သာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း။
သက်သေခံချက်အဖြစ် အလေးမထားသင့်သည့် သာ၍ဆိုးရွားသောဥပမာတစ်ခုမှာ IIMM အကြီးအကဲ၏ ကျမ်းကျိန်လွှာ (Affidavit)ဖြစ်ပါကြောင်း၊ ၎င်းကျမ်းကျိန်လွှာသည် ဆန်းစစ်ချက် မှတ်စုများအပေါ်ဖော်ပြချက်နှင့် ထင်မြင်ယူဆချက်များကိုသာ ပေးထားခြင်းဖြစ်ပါကြောင်း၊ ၎င်းပြင် တရားရုံးကအမှုတွဲတွင် ထည့်သွင်းရန်ခွင့်မပြုထားသော ဆန်းစစ်ချက်မှတ်စုတစ်ခုအတွက်လည်း ဤကျမ်းကျိန်လွှာကို ဒုတိယအဆင့်သက်သေအဖြစ် အသုံးမပြုနိုင်ပါကြောင်း။
ဂမ်ဘီယာနိုင်ငံသည် “အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွား” ကိုအခြေခံ၍ အမှုဖွင့်ခဲ့သောနိုင်ငံတစ်နိုင်ငံထံမှ မျှော်လင့်ရမည့် လျောက်ပတ်သောဂရုစိုက်မှု (Due care)မျိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်း၊ ဂမ်ဘီယာသည် ယင်းကိစ္စရပ်များအပေါ် လေးနက်သော ဆွေးနွေးမှုများကို ရှောင်လွှဲနေပြီး ၎င်းတို့တင်ပြထားသော မှတ်တမ်းများတွင် ဖော်ပြထားသမျှကို အမှန်တရားအဖြစ် လက်ခံရမည်ဟုသာ ဆက်လက်အခိုင်အမာ ပြောဆိုနေပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုကဲ့သို့သော အလွန်ကြီးလေးသည့် စွပ်စွဲချက်တစ်ခုအတွက် အသုံးပြုရမည့် အလွန်မြင့်မားသော သက်သေပြရန်တာဝန် (Standard of proof) ကို အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊ NGO သို့မဟုတ် အလားတူအဖွဲ့အစည်းများ၏ အစီရင်ခံစာများ သို့မဟုတ် မီဒီယာ ဆောင်းပါးများဖြင့် သက်သေမပြနိုင်ပါကြောင်း၊ Mr Blom-Cooper နှင့် Ms Lawrie တို့ ဆက်လက်တင်ပြမည့်အတိုင်း လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းကို သက်သေပြနိုင်ခြင်းမရှိပါကြောင်း။
“ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို သက်သေပြရန် အခြားမည်သည့်အရာများ ထပ်မံလုပ်ဆောင်သင့်သနည်း”ဟု မေးခွန်းထုတ်နိုင်ပါကြောင်း၊ အကယ်၍ လူမျိုးသုဉ်းသတ်ဖြတ်မှု အမှန်တကယ်ကျူးလွန်ခဲ့ပါက ဂမ်ဘီယာသည် သက်ဆိုင်ရာသက်သေခံချက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ၎င်း၏ သက်သေပြရန်တာဝန်ကို ကျေပွန်စေမည့် လုံလောက်သောအထောက်အထားများကို ရှာဖွေတင်ပြနိုင်ရ မည်ဖြစ်ပါကြောင်း၊ အကယ်၍ ဂမ်ဘီယာက ထိုသို့မလုပ်ဆောင်နိုင်ပါက ၎င်းမှာ အထောက်အထားမရှိခြင်းကြောင့် သို့မဟုတ် အထောက်အထားပေးနိုင်သူများက လာရောက်ထွက်ဆိုရန် ဆန္ဒမရှိခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ ဂမ်ဘီယာ၏စွပ်စွဲချက်မှာ ပယ်ချခံရမည်သာဖြစ်ပါကြောင်း တုံ့ပြန်ချေပလျှောက်လဲခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
