ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏ရှေ့နေများက ဆက်လက်တုံ့ပြန်ချေပလျှောက်လဲ
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏ရှေ့နေများက ဆက်လက်တုံ့ပြန်ချေပလျှောက်လဲ
Ministry of Information/ Naypyitaw / January 21, 2026
နေပြည်တော် ဇန်နဝါရီ ၂၀
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker တို့က တုံ့ပြန်ချေပလျှောက်လဲခဲ့သည်။
ထို့နောက် မြန်မာ၏ရှေ့နေ Ms. Leigh Lawrie က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာတိုင်းတွင် စစ်ဆင်ပုံ (pattern of conduct) ကို တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာက စွပ်စွဲမှုကို ရွာ ၄၂ ရွာ ဖြစ်စဉ်များနှင့် ကိုးကားတုံ့ပြန်ချေပခဲ့ပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ချမှတ်ခဲ့ပြီး ခွဲခြားဆက်ဆံသည်ဟု ဂမ်ဘီယာက စွပ်စွဲထားသော ဥပဒေများနှင့် မူဝါဒများနှင့် စပ်လျဉ်း၍ ချေပလျှောက်လဲခဲ့သည်။ (မြန်မာ၏ရှေ့နေ Ms. Leigh Lawrie နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker တို့၏ တုံ့ပြန်ချေပလျှောက်လဲချက်များကို သီးခြားဖော်ပြထားပါသည်။)
သတင်းစဉ်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) နိုင်ငံရေးပါတီများ၏...
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
သဘောထားထုတ်ပြန်ကြေညာချက်
Posted on Jan 21, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ ဇန်နဝါရီလ (၂၉) ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေခြင်းသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာလိုသည့် ဆန္ဒကိုလည်း ဖော်ပြနေခြင်းဖြစ်ပါသည်။
