ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့် ပတ်သက်သည့် ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ရှေ့နေများက ဆက်လက်တုန့်ပြန်ချေပလျှောက်ထား

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့် ပတ်သက်သည့် ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ရှေ့နေများက ဆက်လက်တုန့်ပြန်ချေပလျှောက်ထား


Ministry of Information/ Naypyitaw / January 21, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၁

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့ တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker ၊ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Sam-Bloom Cooper နှင့် Ms. Leigh Lawrie တို့က တုန့်ပြန်ချေပလျှောက်လဲခဲ့ကြသည်။

ဆက်လက်၍လည်း မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Stefan Talmon က မြန်မာနိုင်ငံသည် ဘင်္ဂါလီများဖိနှိပ်ရန် အမုန်းစကားဖြန့်ချိမှုကို အစိုးရ သို့မဟုတ် တပ်မတော်က ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် ဘင်္ဂါလီများကို မျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဂမ်ဘီယာ၏ လျှောက်လဲမှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Mironက အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်သေအထောက်အထားများ ဖျက်ဆီးမှုဆိုင်ရာစွပ်စွဲချက်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့နေ Sam- Bloom Cooper က သက်သေပြရန် တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ရှေ့နေ Ms. Alina Miron က ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် ဥပဒေပြဋ္ဌာန်းရန်ပျက်ကွက်သည်ဟု စွပ်စွဲချက်နှင့် ပတ်သက်၍ လည်းကောင်း ၊ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Stefan Talmon က ဂမ်ဘီယာဘက်မှ စွပ်စွဲတောင်းဆိုထားသည့် ဥပဒေရေးရာနောက်ဆက်တွဲကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း တုန့်ပြန်ချေပ လျှောက်လဲခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။