ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 29, 2025
image_latest


နေပြည်တော် ဧပြီ ၂၉

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော မဟာစေတီလှ စေတီတော်ကြီးအား ပြန်လည်တည်ဆောက်ရန်အတွက် မြေနေရာရှင်းလင်ခြင်း၊ တိုင်းထွာခြင်းများနှင့် သိရီမင်္ဂလာကုန်းကျော်တံတား ကြံ့ခိုင်မှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီ၊ သောတပန်ရပ်ကွက်ရှိ သုတေသက သီလရှင်ကျောင်းတိုက်နှင့် လေးကျွန်းမာရ်အောင်မြတ်စွာဘုရား၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ ဥမင်သုံးဆယ်စေတီနှင့် နန်းဦးမြို့သစ်ရှိ မရှိခဏစေတီများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်ဖယ်ရှားနေမှုများ၊ သောတပန်ရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)နှင့် ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော ကျောင်းဆောင်များအား ဖယ်ရှာရှင်းလင်းနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့ သွားရောက်၍ လုပ်ငန်းခွင်အနီးရှိ ပစ္စည်း လက်ခံ/လွှဲပြောင်းရေးအဖွဲ့ ယာယီရုံးတွင် အဆောက်အဦအပျက်အစီးများ ဖယ်ရှားရှင်းလင်းရာ၌ ဖော်ထုတ်ရှာဖွေတွေ့ရှိသော ပစ္စည်းများအား သက်ဆိုင်ရာပိုင်ရှင်များထံ ပြန်လည်လွဲပြောင်းပေးနိုင်မှု အခြေအနေများအားလည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အောင်မြေသာစံမြို့ နယ်ရှိ 26 Leo တည်းခိုခန်းနေရာ၊ ချမ်းအေးသာစံ မြို့နယ် ၆၂ လမ်း ၂၆-၂၇ လမ်းကြားရှိ မြစ်ဆုံဟိုတယ်နေရာများသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေး၍ ပိုင်ရှင်များနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မန္တလေးမြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ၂၆ လမ်းမကြီးတစ်လျှောက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အန္တရာယ်ရှိအဆောက်အအုံများအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများအား စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ ၂၆ လမ်းမကြီးသည် အများပြည်သူများ နေ့စဉ်အသုံးပြုမှုများသည့် လမ်းမကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့်အတွက် နေ့စဉ်ပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး အဆောက်အဦအပျက်အစီးများအား အမြန်ဆုံးဖယ်ရှား ရှင်းလင်းသွားရန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရတနာဂီရိဂူကြီးတိုက်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာစန္ဒာမုနိမြတ်စွာဘုရား၊ အမရပူရမြို့နယ်ရှိ လိုရာဆုယူ ဘုရားသုံးဆူ မြတ်စွာဘုရား၊ ပဲ့ပါမင်းကျောင်းတိုက်နေရာများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး၊ ကျောင်းထိုင် ဆရာတော်များအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သန့်ရှင်းရေးဆောင်ရွက်နေသည့်အဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးဝဲ/ယာရှိ အန္တရာယ်ရှိ အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများအား စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများပေါ်တွင် လူ/ ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လမ်းမကြီးဘေး ဝဲ/ယာ မျက်နှာစာအား ဦးစားပေး၍ အန္တရာယ်ရှိအဆောက်အဦများအား အမြန်ဆုံးဖယ်ရှားရှင်း လင်းရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်ရှိ သာသနာဒီပဓမ္မဂါရဝကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံအား ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အအုံ(၄၀၃၉)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အအုံ(၃၇၇၉)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အအုံ(၂၆၀)လုံးမှ အဆောက်အအုံ(၁၉၁)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက် ရန်ကျန် အဆောက်အအုံ(၆၉)လုံးဖြစ်သည်။

ထို့နောက် ကျောက်ဆည်မြို့၊ အမှတ်(၃)အခြေခံပညာအထက်ကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်ကျောင်းတို့သို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲပြန် လည်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် သင်ခန်းစာများ ပြန်လည်သင်ကြားလေ့ကျင့်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး Grade-12 ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအား တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဆူးကုန်းရပ်ကွက်၊ ဆူးကုန်းကျောင်း၌ ထိုင်းတပ်မတော်ဆေးတပ်ဖွဲ့မှ Dr.narutmon နှင့် အဖွဲ့သား(၃၉)ဦး(Team Thailand 2025 HDRD Mission in Myanmar) အဖွဲ့အားတွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားပြီး လက်ဆောင်ပစ္စည်းများပေးအပ်ကာ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စုရှိ ကံကောင်းခြင်း ရတနာထုတ်လုပ်မှု လုပ်ငန်းကုမ္ပဏီလီမိတက် (Jewellery Luck Production Company) သစ်အချောထည်စက်ရုံသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ အဆောက်အဦများ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့၍ လုပ်ငန်းများရပ်တန့်ခဲ့ရာမှ ယခုအခါပြုပြင်ပြီးစီး၍ လုပ်ငန်းများပြန်လည် လည်ပတ်နေမှုများအား စစ်ဆေးခဲ့ပြီး ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ငလျင်ဒဏ်သင့် ဒေသများအား ဦးစားပေးရောင်းချပေးနိုင်ရေး၊ စမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် အရည်အသွေးမြှင့်အထပ်သားများကို ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဆူးကုန်းရပ်ကွက်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အဆောက်အဦ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ယာယီရုံးရွေ့ပြောင်း ဆောင်ရွက်ရန်အတွက် Modular House (၃)လုံးတည်ဆောက်ပေးမည့်နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် ဆည်မြောင်းလက်ထောက် ညွှန်ကြားရေးမှူးမှ ဇော်ဂျီရေသောက်စနစ်တွင် ငလျင်ဒဏ်ကြောင့် သာမန်ထိခိုက်မှု(၅)နေရာရှိခဲ့သော်လည်း အမြန်ဆုံးပြန်လည်ပြုပြင်ပြီး နွေသီးနှံရေ ပေးဝေမှုမထိခိုက်စေရန် စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် နွေသီးနှံစိုက်ပျိုးရေးအတွက် ဆည်ရေအပြည့်အဝပေးဝေနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာပျက်စီးမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဇော်ဂျီရေသောက်စနစ်တွင် တူးမြောင်းကြီး(၉)ခု၊ လက်တံမြောင်း(၃၂)ခု၊ လက်တံခွဲမြောင်း(၃၀)ခုဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိကာ ၂၀၂၄ ခုနှစ်၌ နွေစပါး(၂၀၆၂)ဧကနှင့် အခြားသီးနှံ (၅၂၂၂၄)ဧက စုစုပေါင်း (၅၄၂၈၆)ဧက စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် နွေစပါး (၅၃၀၁)ဧကနှင့် အခြားသီးနှံ (၅၅၃၉၈) ဧကစုစုပေါင်း (၆၀၆၆၉) ဧက တိုးမြှင့်စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်ထက် (၆၃၈၃)ဧက တိုးမြှင့်စိုက်ပျိုးလျက်ရှိသည်။

၎င်းနောက် ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်မှုရုံး၌ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် မိုးမကျမီနေထိုင်နိုင်ရေး Modular House များတပ်ဆင်နေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်ခရိုင်အတွက် စုစုပေါင်း Modular House အလုံး (၅၀)အား စေတနာရှင်ပြည်သူများမှ လှူဒါန်းခဲ့ပြီးဖြစ်သဖြင့် အမြန်ဆုံး တပ်ဆင်ပေးလျက်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Apr 28, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 27, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Posted on Apr 26, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Posted on Apr 25, 2025
AnnouncementsExplore more >

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Posted on Apr 28, 2025

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

HOT NEWS
January 4,