ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းနှင့် အိမ်ရာအသစ်များ တည်ဆောက်နေမှု ကြည့်ရှု

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းနှင့် အိမ်ရာအသစ်များ တည်ဆောက်နေမှု ကြည့်ရှု


Ministry of Information/ Naypyitaw / December 20, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၉

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်နေမှုနှင့် နိုင်ငံတော်ကအိမ်ရာအသစ်များ တည်ဆောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ လိမ္မော်အရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအဆင့်အလိုက် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်၍ အဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Standard Operation Procedure-SOP)များကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့များနှင့် စုပေါင်းပြုစု၍ ဖြန့်ဝေထားပြီးဖြစ်သဖြင့် ပြုပြင်နေသောကုမ္ပဏီများမှ ပြင်ဆင်ခြင်းအပိုင်းနှင့် သက်ဆိုင်သောဌာနများက ကြီးကြပ်မှုအပိုင်းတွင် တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း။

ဦးစားပေးအနေဖြင့် ပျက်စီးမှုနည်းသော အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ်၍ သက်ဆိုင်ရာဌာနများကို ပြန်လည်အပ်နှံကာ Modular House များတွင် ယာယီနေထိုင်သည့် ဝန်ထမ်းများအား အဆောက်အအုံများတွင် ပြန်လည်နေရာချထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာ ၄၂၆ လုံးရှိသည့်အနက် အလုံး ၆၀ ပြင်ဆင်ပြီးဖြစ်၍ ဝန်ထမ်းများ ပြန်လည်နေရာချထားမှုကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၁၁၅၈၅ ဦးအား မူလအိမ်ခန်းများတွင် ပြန်လည်နေရာချထားပြီးဖြစ်ကြောင်း၊ ယခုပြင်ဆင်လျက်ရှိသော လိမ္မော်ရောင်အဆင့် အဆောက်အအုံများသည် Structure ပိုင်း ထိခိုက်မှုနည်းပါးသော်လည်း ပျက်စီးမှုအထိုက်အလျောက်များပြားသော အဆောက်အအုံများဖြစ်၍ ပြုပြင်ခြင်းများကို SOP အတိုင်း မှန်မှန်နှင့်မြန်မြန် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည် တည်ဆောက်နေသည့် နေပြည်တော်ကောင်စီနယ်မြေ အကွက်အမှတ်(၈-က)ရှိ လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကုမ္ပဏီအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများက အိမ်ရာစီမံကိန်းလျာထားချက်၊ လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်ရာတွင် မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်စေရေး စနစ်တကျ တွက်ချက်တည်ဆောက်ရန် မူဝါဒအရ သတ်မှတ်တွက်ချက် ဆောင်ရွက်ရမည်ကို သိရှိလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေးစစ်ဆေးခြင်းအပိုင်းကို တိတိကျကျ စစ်ဆေးသွားမည်ဖြစ်၍ ကုမ္ပဏီများအနေဖြင့် စတင်ဆောင်ရွက်စဉ်ကပင် လုပ်ငန်းသုံးပစ္စည်များကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို ကြိုတင်ပြင်ဆင်၍ အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ Modular House များတွင် ယာယီနေထိုင်သည့် ဝန်ထမ်းများအား အဆောက်အအုံများတွင် အမြန်ပြန်လည်နေရာချထားနိုင်ရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။