ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲနောက်ဆုံးနေ့အဖြစ် သဘင်အစည်းအရုံးမှ ဖျော်ဖြေတင်ဆက်

ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲနောက်ဆုံးနေ့အဖြစ် သဘင်အစည်းအရုံးမှ ဖျော်ဖြေတင်ဆက်


Ministry of Information/ Naypyitaw / May 13, 2025
image_latest


ရန်ကုန် မေ ၁၂

မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲနောက်ဆုံးနေ့အဖြစ် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံကြီး၌ ယနေ့သဘင်အစည်းအရုံးက ဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ အားပါးတရကြည့်ရှုအားပေးကြသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ယနေ့ညဖျော်ဖြေတင်ဆက်မှုတွင် ဦးစွာ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်၊ ကူညီကယ်ဆယ်မှု၊ ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးမှတ်တမ်းဗီဒီယိုကိုပြသပြီး ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သကြသည်။

လက်ခံရယူ

ထို့နောက် ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော အလှူငွေများအား မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်က လက်ခံရယူသည်။

အားပါးတရ ဖျော်ဖြေတင်ဆက်

ဖျော်ဖြေရေးအစီအစဉ်တွင် သဘင်အစည်းအရုံးဝိုင်းတော်သားများ ပူးပေါင်းတင်ဆက်မှုနှင့်အတူ ပဏာမဧည့်ခံဂီတသံဖြင့် စတင်ပြီး ဘုရားကန်တော့ခန်း၊ အပျိုတော်ယိမ်း၊ ပဏာမတေး၊ တေးသံသာ၊ အာဇာနည်စန်းစန်းဆပ်ကပ်၊ အော်ပရာနှင့် မြို့ရွှေမန်းသားဖိုးချစ်နှင့် သဘင်အနုပညာရှင်တို့၏ နှစ်ပါးသွားအကတို့ဖြင့် အားပါးတရဖျော်ဖြေတင်ဆက်ခဲ့ရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ အထူးနှစ်ခြိုက်စွာ အားပေးခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Posted on May 11, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Posted on May 10, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025
HOT NEWS
January 4,