ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်
ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်
Ministry of Information/ Naypyitaw / March 26, 2026
နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများရေငွေ့ပျံပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီးဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျှော့ချပေးပါရန်။
နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများခေါင်းထောင်လျက်ကူးခတ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းမျိုးရှိပါက ငါးမွေးမြူကန်သည် အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ မွေးမြူကန်အတွင်းလှေလှော်ပေးခြင်း စသည့်နည်းလမ်းများအား ရေတွင်ပျော်ဝင် အောက်ဆီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးပါရန်။
ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခန်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးပါရန်။
ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသောငါးများကို အရေအတွက် လျှော့ချမွေးမြူရန်။
အပူချိန်ပြင်းပြသည့် အချိန်များဖြစ်သည့် နေ့လယ်ပိုင်းတွင် ငါးများကန်ပြောင်းရွှေ့ခြင်းမပြုရန်။
ကန်ရေအရည်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာအတွင်းရှိနေစေရန် (မိမိလက်ကို တံတောင်ဆစ်အထိရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေးရေးမြင်ရသော အခြေအနေရှိရပါမည်)။
ကန်ရေအပူချိန်မြင့်မားသောအချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကဇော်ဖတ်၊ ဝါစေ့ဖတ်များ ကျွေးခြင်းကိုရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးပါရန်။
အစာကျွေးပြီးပါက အစာကျန်များ ရှိ/မရှိကို ပုံမှန်စစ်ဆေးပါရန်။
မွေးမြူရေးကန်အားလိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန်စီစဉ်ထားရှိပြီး ရေများရနိုင်သမျှ သိုလှောင်ထားပါရန်။
ကန်အခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှု အခြေအနေများကို နေ့စဉ်နံနက် (၆) နာရီ၌ ပုံမှန်စစ်ဆေးပါရန်။
ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါ က အနီးဆုံးငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ပါရန်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
Posted on Mar 26, 2026ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့်အဓိက Parameter (၆)မျိုးကို (၂၄)နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on Mar 24, 2026အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း