ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံအားပေး
ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံအားပေး
Ministry of Information/ Naypyitaw / January 03, 2026
နေပြည်တော် ဇန်နဝါရီ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ L&Z Marine Food Products LTD (အအေးခန်းစက်ရုံ) သို့ ရောက်ရှိရာ စက်ရုံတာဝန်ရှိသူက တစ်နေ့လျှင် အအေးခဲထုတ်လုပ်နိုင်မှုပမာဏ ၂၅ တန်ရှိပြီး တန် ၁၅၀၀ ဆံ့ သိုလှောင်အအေးခန်းဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ စက်ရုံမှ အရည်အသွေးမြင့်ထုတ်ကုန်များကို သန့်ရှင်းစွာဖြင့် ထုတ်လုပ်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် သင်တန်းများ တက်ရောက် စေခြင်း၊ ညွှန်ကြားထားသည့် စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှု၊ တင်ပို့မှုလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး စက်ရုံအနေဖြင့် EU၊ Saudi နိုင်ငံများသို့ တင်ပို့ရရှိမှုအတွက် ခွင့်ပြုချက် ရရှိထားပြီဖြစ်၍ ရေချိုငါး၊ ရေငန်ငါးမျိုးများအား အများဆုံးတင်ပို့ လျက်ရှိပါကြောင်းနှင့် နှစ်အလိုက် တင်ပို့မှု တန်ချိန်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
အလားတူ CK FROZEN FOODS YANGON CO.,LTD သို့လည်းကောင်း၊ ADVANCED SEAFOOD INDUSTRIES CO., LTD သို့ လည်းကောင်း၊ သာကေတမြို့နယ်ရှိ MYANMAR GOLDEN PHOENIX INDUSTRIAL CO., LTD သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပုပ္ပလိကလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာမှ နိုင်ငံခြားဝင်ငွေ အမြောက်အမြား နှစ်စဉ်ရရှိလျက်ရှိရာ နိုင်ငံတကာ အသိအမှတ်ပြု တန်ဖိုးမြင့် ရေထွက်ကုန်များ နှစ်အလိုက်တန်ချိန် ပိုမိုတိုးထုတ်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းသို့ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း အခက်အခဲများ၊ လိုအပ် ချက်ရှိသည်များကို မိမိတို့ဌာနအနေဖြင့် တတ်စွမ်းအားရှိသမျှ ဘက်စုံထောင့်စုံမှ ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လည်း အသင့်ရှိပါကြောင်း ပြောကြားကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
