ငြိမ်းချမ်းခြင်းနှင့်အတူ လက်တွဲပေါင်းစည်း သာယာဝပြောသည့်အနာဂတ်ဆီသို့

ငြိမ်းချမ်းခြင်းနှင့်အတူ လက်တွဲပေါင်းစည်း သာယာဝပြောသည့်အနာဂတ်ဆီသို့


Ministry of Information/ Naypyitaw / June 26, 2025
image_latest


ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများ အစဉ်အဆက်တောင်းဆိုလာခဲ့သော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံဟူသည့်ပန်းတိုင်ကို ခိုင်ခိုင်မာမာအလေးထားပြီး မျက်ခြည်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအားလုံးမျှော်မှန်းသည့် အဆိုပါပန်းတိုင်သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံထားသဖြင့် အဓိကဆောင်ရွက်ရမည့် ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတော်ဖြစ်ရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

ယခုကျင်းပသောဖိုရမ်သည် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်အတွက် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်၍ နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ဆီလျော်ထင်ဟပ်နေပေသည်။ ယခု ၂၀၂၅ ခုနှစ်သည် အရေးကြီးသောနှစ်တစ်နှစ်ဖြစ်သည်။ ယခုနှစ်ကုန်တွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီအခင်းအကျင်းသစ်ကို ပုံဖော်မည်ဖြစ်သည်။ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ရေရှည်တည်တံ့ခိုင်မြဲစွာဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးရရှိမှဖြစ်ပေမည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည်မှာ နှစ်ပေါင်း ၈၀ ခန့်ပင်ရှိပြီဖြစ်သည်။

သဘောထားကွဲလွဲမှုများအပေါ် အခြေခံပြီးဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီစနစ်၏ အနှစ်သာရများကို အပြည့်အဝခံစားနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေသမျှ မည်သည့်အခါမျှ ငြိမ်းချမ်းသောအနှစ်သာရများကို ရရှိခံစားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ပေးထားကြောင်း နိုင်ငံတော်အကြီးအကဲက အသိပေးပြောကြားထားသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများမှတစ်ဆင့်သာ တက်လှမ်းနိုင်မည်ဖြစ်ရာ “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့်ကျင်းပသည့် Peace Talk 2025 ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ အောင်မြင်စွာကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍဆွေးနွေးမှုမှရရှိသည့် ကာလတိုအတွင်း ဆောင်ရွက်ရမည့်အကြံပြုချက် (၃)ချက်၊ ကာလရှည်လုပ်ဆောင်ရမည့် အကြံပြုချက်(၁၀)ချက်၊ စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှရရှိသည့် ကာလတိုလုပ်ဆောင်ရမည့်အကြံပြုချက် (၄) ချက်နှင့် ကာလရှည်လုပ်ဆောင်ရမည့် အကြံပြုချက် (၁၂)ချက်တို့ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်သည်။ ဆွေးနွေးပွဲမှရရှိလာသည့် အကောင်အထည် ဖော်ရမည့်ရလဒ်များသည် မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးအတွက် အထောက်အပံ့ ကောင်းများဖြစ်သည်။

ယခုငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ကို နေပြည်တော်တွင် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပနေသည်။ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်ပေါင်းစည်းခြင်းဆိုင်ရာများကို ပြည်ပမှဧည့်သည်တော်ပညာရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ကျွမ်းကျင်သူပညာရှင်များ၊ သုတေသနပြုသူများက ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများကလည်း မေးမြန်းဆွေးနွေးကြသည်။ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ မှ ပေါ်ထွက်လာမည့် ဆွေးနွေးသုံးသပ် အကြံပြုချက်ရလဒ် များသည် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အထောက်အပံ့ကောင်းများ အဖြစ် ထပ်မံရရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၈၀ ခန့် ကြာမြင့်လာပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့်မဖြေရှင်းဘဲ နိုင်ငံရေးစားပွဲဝိုင်းများ၊ ဆွေးနွေးပွဲများတွင် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးတို့ကို အားလုံးပူးပေါင်း လက်တွဲ၍ဆွေးနွေးအဖြေရှာဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများ ဆက်လက်ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း။   ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း