ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ရပ်တည်ချက်ဖြင့် ဆက်ဆံဆောင်ရွက်

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ရပ်တည်ချက်ဖြင့် ဆက်ဆံဆောင်ရွက်


Ministry of Information/ Naypyitaw / April 24, 2026
image_latest


မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို ချစ်ခင်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆက်ဆံရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဆက်ဆံသည့်နိုင်ငံများ၊ အပြုသဘောဆောင် အကောင်းမြင်သည့် မိတ်ကောင်းဆွေကောင်းနိုင်ငံများ၊ မြန်မာနိုင်ငံအပေါ် အကောင်းမမြင်သည့်နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ရှိသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးအပေါ်တွင် ချစ်ခင်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခန်းမ၌ ဧပြီ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် “နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟု ဖော်ပြပါရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒ အဓိပ္ပာယ်ဖော်ပြချက်များကို တိတိကျကျ သိရှိနားလည်ထားကြရန်နှင့် ၎င်းအပေါ်တွင်ရပ်တည်၍ ဆက်ဆံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် အစဉ်အဆက်လက်ခံထားသော မူဝါဒဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း အတိအလင်းပြဋ္ဌာန်းထားသဖြင့် နိုင်ငံတော်အစိုးရသစ်အနေဖြင့် အဆိုပါမူဝါဒအတိုင်း တိတိကျကျ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံတော်၏ နောက်ခံသမိုင်းကြောင်းနှင့် ပကတိအခြေအနေများအရ အလွန်ပင်လျော်ကန်သင့်မြတ်သော မူဝါဒဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် ပထဝီနိုင်ငံရေးအခြေအနေအရ အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုများကြောင့် နိုင်ငံအချို့အနေဖြင့် ဘက်လိုက်မှုများရှိနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သည့် ရပ်တည်ချက်ဖြင့် ဆက်ဆံဆောင်ရွက်ခြင်းသည် မတူကွဲပြားသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဟူသည့် ကောင်းမြတ်သည့်ဆက်ဆံမှုကို ဆောင်ကြဉ်းပေသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံအသိုက်အဝန်းအတွင်း၌ နိုင်ငံရေးအရ ဘက်လိုက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် အကောင်းမမြင်သည့် နိုင်ငံများလည်းရှိသည်။ ယခုအခါ အချို့သော အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအပေါ် မှန်ကန်စွာရှုမြင်ပြီး အပြုသဘောဆောင်သည့် သဘောထား၊ သုံးသပ်ချက်များရှိလာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်နှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖိတ်ခေါ်ကမ်းလှမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် အခြားအချက်များတွင်လည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့လျက်ရှိသည်။ နိုင်ငံရေးအခြေအနေအရ လူမှုကွန်ရက်များပေါ်တွင် မှားယွင်းသော သတင်းအချက်အလက်များကိုအခြေခံပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘောထားလွဲမှားမှုများကို ပြင်ဆင်လိုကြသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အစိုးရသစ်ဖွဲ့စည်းပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ အိမ်နီးချင်းနိုင်ငံ လည်းဖြစ်သည့် ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ဂါရဝပြုတွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ပါအချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များ၊ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီမျက်နှာစာသစ်ကို စတင်ဖွင့်လှစ်ရာ တွင် ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသော၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သောမူဝါဒများနှင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို အလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးအပြင် နိုင်ငံတကာ ဆက်ဆံရေးတို့တွင်ပါ ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်ပါကြောင်း။       ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆