ငြိမ်းချမ်းမှုရရှိရေး အလေးအနက်ကြိုးပမ်းဆောင်ရွက်

ငြိမ်းချမ်းမှုရရှိရေး အလေးအနက်ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / May 29, 2025
image_latest


မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံပိုင် လမ်း တံတား၊ အဆောက်အအုံများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်ဆုံးရှုံးမှုများ များစွာရှိသည်။ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနှင့် ယခုနှစ် မန္တလေးမြေငလျင်ကြီးတို့ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ ငွေကျပ် ၄၆၃၀ ဘီလီယံခန့်ရှိသည်။ ပြည်သူတို့မှာ သဘာဝဘေးအန္တရာယ်များအပြင် လက်နက်ကိုင်ပဋိပက္ခများနှင့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဘေးဒုက္ခများကိုပါ ခံစားနေကြရသည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများမှာ ယင်းဘေးဒုက္ခများကို တိုက်ရိုက်ခံစားနေကြရခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဲခူး - မော်လမြိုင်ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြားတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲမှုကြောင့် အမှတ် ၆၈၇ အစုန်ကျောက်ရထား လမ်းချော်ကျခဲ့ပြီး ရထားလမ်းပိုင်းကို ခေတ္တပိတ်သိမ်းခဲ့ရသည်။ ရထားလမ်းဖျက်ဆီးခံရခြင်းကြောင့် ရန်ကုန်မှလာသည့် လူစီးရထားနှင့် မော်လမြိုင်မှလာသည့် လူစီးရထားတို့ နောက်ကြောင်းပြန် ခုတ်မောင်းခဲ့ရပြီး ရထားစီးခရီးသည် ပြည်သူတို့ လိုရာခရီးသို့မရောက်ဘဲ နှောင့်နှေးခဲ့ကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၈၂) ကြိမ်၊ ရထား တံတား၊ သံလမ်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၆) ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ်အထိ အကြမ်းဖက်သောင်းကျန်းသူတို့က အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်လည်း ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းကို KNLA နှင့် PDF တို့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားလုံးဝပျက်စီးသွားခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တံတားပျက်စီးသွားခြင်းကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်မှုမရှိတော့သဖြင့် ဒေသခံပြည်သူများ ဒုက္ခရောက်ကြရသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ နိစ္စဓူဝအသုံးပြုသွားလာနေကြသော လမ်း၊ တံတားများ၊ ယာဉ်ရထားများကို တိုက်ခိုက်ဖျက်ဆီးမှုများမှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို များစွာထိခိုက်နစ်နာစေသည်။ တစ်ဖက်တွင်လည်း နိုင်ငံ့ဘဏ္ဍာငွေဖြင့် အနှစ်နှစ်အလလ ကြိုးပမ်းတည်ဆောက်ခဲ့ရသည့် လမ်းတံတား၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းမှာ နိုင်ငံအတွက်လည်း ဆုံးရှုံးမှုကြီးမားသည်။

“သဘာဝဘေးဒဏ်များအပြင် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ နိုင်ငံပိုင် လမ်း တံတား၊ အဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့ကြောင်း၊ ယင်းတို့သည် တိုင်းပြည်အတွက် အရှုံးများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုကောင်းစွာဖြင့် ကာကွယ်နိုင်ရန်လိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည်လည်း ကြီးမားသည်ဖြစ်သည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်းမေ ၁၉ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံသည် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခများ အဆုံးမသတ်နိုင်ခြင်းနှင့်အတူ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများက နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးကို ဆင်းရဲနွမ်းပါးမှုနွံထဲသို့ နစ်သည်ထက်နစ်အောင် ကျရောက်စေပြီး နိုင်ငံပြိုကွဲပျက်စီးသည်အထိ အန္တရာယ်ကြီးမားသည်ကို သတိမူကာ ပြည်ထောင်စုဖွား နိုင်ငံသားတစ်ရပ်လုံးက ငြိမ်းချမ်းမှုရရှိရေးအတွက် အလေးအနက် ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Posted on May 26, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

HOT NEWS
January 4,