ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ယုံကြည် ဥပဒေဘောင်အတွင်းလက်တွဲခိုင်မြဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ယုံကြည် ဥပဒေဘောင်အတွင်းလက်တွဲခိုင်မြဲ


Ministry of Information/ Naypyitaw / March 21, 2026
image_latest


နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် လမ်းဖွင့်ကြိုဆိုဖိတ်ခေါ်လျက်ရှိသည်။ ယခုအခါ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်လက်ခံယုံကြည်ပြီး အဆိုပါအဖွဲ့အစည်းအမျိုးမျိုးမှ လမ်းမှားရောက်ခဲ့ကြ သည့် လူငယ်လူရွယ်များသည် ဥပဒေဘောင်အတွင်းသို့ တဖွဲဖွဲပြန်လည်ဝင်ရောက်လျက်ရှိသည်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများအား ကြည်ဖြူစွာလက်ခံကြိုဆို၍ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိရာ မတ် ၁၉ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကိုပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိခဲ့ကြသော PDF အမည်ခံ အဖွဲ့ဝင်အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်ပြီး မိဘအုပ်ထိန်းသူများ ရင်ခွင်သို့ ပျော်ရွှင်ချမ်းမြေ့စွာရောက်ရှိခဲ့ကြသည်။

လက်ရှိကာလတွင် တပ်မတော်စစ်ကြောင်းများသည် ဒေသအသီးသီးရှိ PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် မိဘပြည်သူများက ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိသည်။ ပြည်သူများ၏ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုတို့ကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် အစိုးရ၏လုပ်ငန်းစဉ်များကို နားလည်လက်ခံယုံကြည်လာမှုများနှင့်အတူ ၎င်းတို့အကြမ်းဖက်အဖွဲ့များ၏ မှားယွင်းသောလုပ်ဆောင်မှုများကြောင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် အေးချမ်းစွာနေထိုင်လိုသည့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး မိဘရပ်ထံရောက်ရှိလာကြသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ကြိုဆိုလက်ခံ၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးကာ စနစ်တကျလွှဲပြောင်းပေးအပ် လျက်ရှိသည်။ ကျန်ရှိနေသူများတွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့်ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိသည်။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် တော်လှန်ရေးဟုအကြောင်းပြပြီး တိုင်းပြည်နှင့်လူမျိုးကို ဖျက်ဆီးလာခဲ့သည်မှာ ငါးနှစ်တာကာလရှိပြီဖြစ်သည်။ အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာမှုနှင့် အဖျက်လုပ်ရပ်များကို လမ်းမှား ရောက်ခဲ့သည့် လူငယ်လူရွယ်များသာမက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက သိမြင်နားလည်နေကြပြီဖြစ်သည်။ အကြမ်းဖက်လမ်းစဉ်ချုပ်ငြိမ်းရေးနှင့် လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် အတူလက်တွဲ၍ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ အကြမ်းဖက်လမ်းစဉ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အသက်၊ သွေး၊ ချွေးများနှင့်နိုင်ငံတော်နှင့် ပြည်သူများပိုင်ဆိုင်သည့် စည်းစိမ်ဥစ္စာများအတွက် ပြန်လည်ပေးဆပ်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တွန်းတင်ပေးနေပြီဖြစ်သည်။ တိုင်းရင်းသားပြည်သူများအားလုံးလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် ပြည်သူအားလုံးပါဝင်နိုင်ရန်အတွက် နိုင်ငံတော်ကဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်လက်ခံယုံကြည်ပြီး ဥပဒေဘောင်အတွင်း အားလုံးပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။  ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Posted on Mar 21, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Posted on Mar 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Mar 19, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026
AnnouncementsExplore more >

တင်ဒါခေါ်ယူခြင်း

Posted on Feb 4, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...

Posted on Jan 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jan 7, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း