ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်းခင်စန်းကြည်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင် -

မင်္ဂလာရှိတဲ့ မနက်ဖြန်တွေကို ဖန်တီးဖို့အတွက် ယနေ့ဒီမိုကရေစီခရီးမှာ ပြည်သူလူထုနှင့်အတူ ရပ်တည်နေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကိုယ်စား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကျွန်မ နန်းခင်စန်းကြည်က နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ကျွန်မတို့ဟာ ခေတ်သစ်ကို တည်ဆောက်သူတွေဖြစ်လာဖို့ ကျွန်မတို့ပါတီရဲ့ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်ရှင်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင်။ ကျွန်မတို့နိုင်ငံဟာ ကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်တစ်ခုဖြစ်ပါတယ်။ ပဋိပက္ခဒဏ်ရာတွေကို ကုစားဖို့အတွက် ကျွန်မတို့ဟာ အတိတ်ကို စွန့်လွှတ်ပြီး ရှေ့ကိုသာ ဆက်လျှောက်ကြရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီရဲ့ ပထမဆုံးသော ရည်မှန်းချက်ကတော့ မြန်မာပြည်အနှံ့အပြားမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးဟာ တန်းတူအခွင့်အရေးနဲ့ လေးစားမှုကို ရရှိစေမယ့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာ တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ တန်းတူအခွင့်အရေးရရှိပြီး အပြန်အလှန် လေးစားမှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာတည်ဆောက်ခြင်းသည်သာ အနှစ်သာရဖြစ်ပါတယ်။

ကျွန်မတို့ ပါတီအနေနှင့် ငြိမ်းချမ်းရေးအတွက် အတားအဆီးမှန်သမျှကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့သာ အဖြေရှာပြီး ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးကို အတိအလင်း ပြောကြားလိုပါတယ်။

ကျွန်မတို့ပါတီရဲ့ အဓိကမူဝါဒဟာ မြန်မာနိုင်ငံသားတိုင်း လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးဟာ တန်းတူအခွင့်အရေးနှင့်အတူ လေးစားမှုအပြည့်အဝဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာ တည်ဆောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထားပါတယ်ရှင်။

တည်ငြိမ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ခိုင်မာစွာတည်ဆောက်နိုင်ဖို့အတွက် ကျွန်မတို့ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီဟာ “ငါတို့အားလုံး... ဒီပြည်ထောင်စုမှာ အတူတူယှဉ်တွဲနေထိုင်မယ်၊ ပြဿနာတွေကို စစ်မတိုက်ဘဲ ဖြေရှင်းမယ်၊ တစ်ယောက်ကို တစ်ယောက် လေးစားမယ်” ဆိုတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သဘောထားအပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင်

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီဆိုတာ စကားလုံးသက်သက် မဟုတ်ရပါဘူး။ ပြည်သူအတွက် အမြဲရပ်တည်ပြီး ပြည်သူအတွက် အလုပ်လုပ်မယ့် စိတ်ဓာတ်ကို ခိုင်မာစွာ ထိန်းသိမ်းထားတဲ့ပါတီ ဖြစ်ပါ တယ်။

မျှော်လင့်ချက်ရှိတဲ့ မနက်ဖြန်တွေအတွက်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူဘက်က အမြဲရပ်တည်မည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီဖြစ်တယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီ။ ပြည်သူ့အတွက် အမြဲ ရပ်တည်မည်။

ကျေးဇူး တင်ပါတယ်ရှင်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်း ပါစေ။

ပါတီ၏ သီချင်းစာသား

မြန်မာပြည်ကြီး ငြိမ်းချမ်းပြီ

V1- မင်္ဂလာရှိတဲ့ မနက်ဖြန်တို့အတွက် အတိတ်ရဲ့ဒဏ်ရာတွေကို အတူကုစားမယ်၊

မြေတစ်လက်မ ရေတစ်စက် ပြည်သူတွေရဲ့ အကျိုးကို ဆောင်မည်

V2- မျှော်လင့်ခြင်း အနာဂတ်သစ်ဖန်တီးမည် အားလုံးပါဝင်ကာ လမ်းသစ်ထွင်မယ်

ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဒီပါတီဟာ တို့ရဲ့ အားမာန်ပဲ

Pre- အခက်အခဲများရှိခဲ့လည်း အတူတူစည်းလုံးလို့ ရှေ့ဆက်ချီ

ပိုမိုတောက်ပတဲ့ အနာဂတ်တွေဆီ

CHO; (ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ ပြည်သူအတွက် အမြဲရပ်တည်

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ ၊ ပြည်သူအတွက် အလုပ်လုပ်မည်

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ မြန်မာပြည်ကြီးငြိမ်းချမ်းပြီ) ၂

V3- ငြိမ်းချမ်းရေးအတွက် ဦးထိပ်ထားမယ်၊ တိုင်းရင်းသားညီအစ်ကိုတွေ ညီညွတ်စွာနဲ့ အဆင့်တန်းမြင့် အနာဂတ်အတွက် အောင်မြင်တဲ့ ပန်းတိုင်ဆီသို့

V4.. နိုင်ငံအကျိုးအတွက် တို့သယ်ပိုးမယ် စီးပွားအခြေအနေတွေ တိုးတက်စေဖို့

ပြည်သူအကျိုးအတွက် သင်ဘာတွေကို စဉ်းစားနေမလဲ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။