ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / October 01, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၃၀

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ကျင်းပရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမကာအိုအထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ မြန်မာနိုင်ငံ ၏ (၁၅) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ်ဆွေးနွေးသည့် APJG ၏ မျက်နှာချင်းဆိုင်အစည်း အဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ(Action Plan)ပါ အချက်များအနက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ရလဒ်ကောင်းအနေဖြင့် လက်ငင်းရလဒ် ၈ ဒသမ ၂ ကို ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း(Largely Add-ress) အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာရေးသားရာတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံငါးခုကို အဆင့်တိုးမြှင့်ရရှိရေး အတွက် အဓိကအလေးထားဆောင်ရွက်မည့် နယ်ပယ်များသတ်မှတ်ရန်နှင့် မေးခွန်းတစ်ခုချင်းအလိုက် တိကျသည့်ဖြေကြားချက်များ ပြန်လည်ဖြေကြားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများသည်လည်း ရလဒ်ကောင်းများရရှိရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်း သိန်းကငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ရေးဆွဲနေမှု၊ တိုးတက်မှုအစီရင်ခံစာများရေးသားရာတွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အကဲဖြတ်သူများက ထောက်ပြထားသည့် ဆက်လက်ရေးဆွဲရမည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။

ဆွေးနွေး

ယင်းနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံးနှင့် ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အစီရင်ခံစာတွင် ထည့်သွင်းဖြေကြားမည့် အကြောင်းအရာများ၊ ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia- Pacific Group on Money Lau-ndering - APG) နှစ်ပတ်လည် အစည်းအဝေးနှင့် နည်းပညာနှင့် သင်တန်းပေးရေးဆိုင်ရာဆွေးနွေး ပွဲများသို့ တက်ရောက်ခဲ့မှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပြင်ဆင်သည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာနယ်ပယ်အလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Posted on Oct 04, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Posted on Oct 03, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Oct 02, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 3, 2025

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,