စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / December 18, 2025
၁။ မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများ၏ အပြင် ပန်းပုံသဏ္ဌာန်ဒီဇိုင်းများနှင့် ယင်းတို့၏ အလှအပအဆင်တန်ဆာဒီဇိုင်းများကို ဥပဒေနှင့်အညီ အကာ အကွယ်ပေးနိုင်ရေးအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး စက်မှုဒီဇိုင်း မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လက်ခံစစ်ဆေးဆောင်ရွက်ပေးလျက် ရှိပါသည်။
၂။ စက်မှုဒီဇိုင်းကို မူပိုင်ခွင့်အကာအကွယ်ရရှိစေရန်အတွက် ဒီဇိုင်းသည် အသစ်ဖြစ်ရန်လိုအပ်ပြီး တုပမှုကင်းစွာ ဖန်တီးထားရမည်ဖြစ်ပါသည်။ စက်မှုဒီဇိုင်းမူပိုင်ခွင့်ရရှိပါက မိမိမူပိုင်ခွင့်ရရှိထားသည့် စက်မှုဒီဇိုင်းကို အခြားသူများမှ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းတို့ကို ကာကွယ်တားဆီးနိုင်သည့် အခွင့်အရေးများရရှိနိုင်မည်ဖြစ်ပြီး စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးများကို ထိပါးချိုးဖောက်သူအား တရားမကြောင်းဖြင့် တရားစွဲဆိုခွင့်ရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ရရှိပါက မူပိုင်ခွင့်မှတ်ပုံတင်သက်တမ်းကာလမှာ စက်မှုဒီဇိုင်းစတင် လျှောက်ထားသည့်နေ့မှ ကနဦး (၅)နှစ်တာကာလနှင့် နောက်ထပ် (၅)နှစ် (၂) ကြိမ် သက်တမ်းတိုးနိုင်ပြီး၊ စုစုပေါင်း (၁၅) နှစ် သက်တမ်းရရှိနိုင်မည်ဖြစ်ပါသည်။
၃။ စက်မှုဒီဇိုင်းမူပိုင်ခွင့်ရရှိရန်အတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းကို ကိုယ်တိုင်ဖြစ်စေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ကိုယ်စားလှယ်သင်တန်းအောင်မြင်ပြီးသည့် ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မူပိုင်ခွင့်ဦးစီး ဌာနအောက်ရှိ လျှောက်လွှာလက်ခံဌာန နေပြည်တော်(ရုံးချုပ်)၊ အောက်မြန်မာပြည် ရုံးခွဲ(ရန်ကုန်) နှင့် အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး) တို့တွင် လာရောက်လျှောက်ထားခြင်းဖြင့်လည်းကောင်း၊ ဦးစီး ဌာနက သတ်မှတ်ထားသည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO File System) ဖြင့် လည်းကောင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
၄။ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာပုံစံများ၊ အခကြေးငွေ များနှင့် လျှောက်လွှာဖြည့်သွင်းခြင်းဆိုင်ရာလမ်းညွှန်ချက်များကို (ipd.gov.mm) တွင် ကြည့်ရှုနိုင်ပါသည်။ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းနှင့် သိရှိလိုသည်များရှိပါက မူပိုင်ခွင့်ဦးစီးဌာန၊ လျှောက်လွှာလက်ခံဌာန နေပြည် တော်(ရုံးချုပ်) (၀၆၇ ၃၄၃၀၅၉၄)၊ အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်) (၀၁ ၈၃၈၀၂၈၃)၊ အထက်မြန်မာပြည် ရုံးခွဲ (မန္တလေး) (၀၉ ၈၉၀၆၁၅၁၅၂) နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၈) သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
