စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပြခန်းများ ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပြခန်းများ ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး
Ministry of Industry/ Ministerial Office / January 07, 2025
နေပြည်တော်၊ ဒီဇင်ဘာ (၂၈)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပပြုလုပ်မည့် ပုဗ္ဗသီရိမြို့နယ်ရှိ တပေါင်းကွင်းသို့ ရောက်ရှိပြီး MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရန် ပြခန်းများတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာ ဆိုင်ခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများအား အချိန်မီပြီးစီးရေးအတွက် တာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီမှ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်၊ အချိန်ဇယားများရေးဆွဲ၍ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို စနစ်တကျဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် ဆပ်မကော်တီအသီးသီးမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် MSME ထုတ်ကုန်ပြပွဲကို (၂) ကြိမ် ကျင်းပခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်၍ လိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်နှင့် အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကို MSME လုပ်ငန်းများ အောင်မြင်စေရန်နှင့် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရန်၊ ပြည်တွင်း / ပြည်ပအဖွဲ့အစည်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများ ရေရှည်ရပ်တည်တံ့နိုင်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခင် ကျင်းပခဲ့သည့် ပြပွဲများနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထောက်ပံ့ပေးသွားဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက MSME ထုတ်ပစ္စည်းများ ခင်းကျင်း ပြသနိုင်ရန် ပြခန်းများတည်ဆောက်ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
Posted on Jan 7, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊...
Posted on Jan 7, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
Posted on Jan 7, 2025၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။