စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာဖွံ့ဖြိုးရေး ကြိုးပမ်း

စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာဖွံ့ဖြိုးရေး ကြိုးပမ်း


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပညာပေးသင်တန်းကျောင်း၏ စက်မှုသီးနှံဆိုင်ရာ နည်းပညာပေးသင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ပြီး အခြေခံလုပ်ငန်းခွင် အကြိုသင်တန်းတက်ရောက် နေသူများကို တွေ့ဆုံအားပေးသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး အရည်အချင်း ပြည့်ဝစွာ စိုက်ပျိုးနည်းပညာများဖြန့်ဝေပေးနိုင်ရေး ကြိုးစားကြရန်၊ ပို့ချခဲ့ပြီးသော စက်မှုသီးနှံများ ဝါ၊ လျှော်၊ ရော်ဘာ၊ ဆီအုန်း၊ သီဟိုဠ်၊ ကြံ၊ ကော်ဖီနှင့် အခြားသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များအပြင် ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းပညာများ၊ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သော ပိုးချည်မျှင်၊ ရော်ဘာအစေးခြစ်ခြင်းနှင့် ဆီအုန်းဆီကြမ်း ထုတ်လုပ်မှုပုံစံအဆင့်ဆင့်စသည့် တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန် များ ထုတ်လုပ်နည်းပညာများကို မိမိတာဝန်ကျဒေသသို့ ပြန်ရောက်ချိန်၌ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ၊ တောင်သူများကို နည်းပညာများပြည့်စုံစွာ ပြန်လည်ဖြန့်ဝေ ပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်မှုသီးနှံနည်းပညာပေး သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများချီးမြှင့်ပေးအပ်ပြီး တာဝန်ရှိသူများက အသန့်ရှင်းဆုံး အိပ်ခန်းဆုများကို ပေးအပ်ကြသည်။ စက်မှုသီးနှံဆိုင်ရာ နည်းပညာပေး သင်တန်း(၁/၂၀၂၆)သို့ သင်တန်းသား သင်တန်းသူ ၇၃ ဦး တက်ရောက်ခဲ့ပြီး အခြေခံလုပ်ငန်းခွင်သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၉၉ ဦး တက်ရောက်လျက်ရှိသည်။

ယင်းနောက် မျိုးစေ့ပြခန်းများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးသင်တန်းကျောင်း CARTC ဝန်ထမ်းများနှင့်တွေ့ဆုံ၍ CARTC သင်တန်းကျောင်း၏ သင်ကြားရေး ဆရာ ဆရာများအား မွမ်းမံသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်နိုင်ရေးစီမံပေးရန်နှင့် ဝန်ထမ်းများအားလုံး AI နည်းပညာများကို အသုံးပြု လေ့လာကြရန်၊ သင်တန်းကျောင်းအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်လက်တွဲ၍ မြို့နယ်အတွက် သင့်တော်သော သီးနှံပုံစံများ စိုက်ပျိုးနိုင်ရေး နည်းပညာများ ပူးပေါင်းဆောင်ရွက်ရန်နှင့် အပတ်စဉ် စနေနေ့များတွင်ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ Zoom စနစ်ဖြင့် တက်ရောက်ကြရန်၊ တောင်သူလယ်သမားများ လိုအပ်သော သုတနှင့်နည်းပညာများ ဖြန့်ဝေပေးရန်နှင့် လက်လှမ်းမီ သုတေသနများ တိုးတက်ဆောင်ရွက်ပြီး တောင်သူသင်တန်းများ ဖွင့်လှစ်ပေးရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနဖွံ့ဖြိုးရေး ဗဟိုဌာန VFRDC သို့ရောက်ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ သွင်းကုန်အစားထိုးရန် နှင့် ပို့ကုန်မြှင့်တင်ရန်အတွက် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့် မျိုးစေ့နည်းပညာများ ရှာဖွေလေ့လာရန်၊ စီးပွားဖြစ် စိုက်ပျိုးခြင်းမရှိသေးသည့် ဟင်းသီးဟင်းရွက်မျိုးနှင့် သစ်သီးဝလံပင်များမျိုးသုဉ်း ပျောက်ဆုံးမှုမရှိစေရန် စုဆောင်းထိန်းသိမ်းခြင်းနှင့် သုတေသနများဆောင်ရွက်ရန်၊ သီးနှံထွက်ကုန်များ အစားအစာဘေးကင်းလုံခြုံရေးအတွက် GAP နှင့် အောဂဲနစ်စိုက်ပျိုးရေးစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း