စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်
စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်
Ministry of Information/ Naypyitaw / December 20, 2025
ရန်ကုန် ဒီဇင်ဘာ ၁၉
စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ယခုသန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယနေ့ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)တွင် စက်ရုံသစ်တည်ဆောက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးက ရေနံချက်စက်ရုံသစ်ကြီးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးစေရေး၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် အပိုင်းလိုက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပြင် တစ်ပြိုင်တည်း တည်ဆောက်ရမည့်လုပ်ငန်းကို သေချာစွာပြင်ဆင်၍ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့နည်းသက်သာစေရန်အတွက် Quick Win ဖြစ်စေမည့် Moduler Type စက်ရုံအား ပထမအဆင့်အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် သန်လျင် ရေနံချက်စက်ရုံသစ်စီမံကိန်းလုပ်ငန်းများနှင့် သီလဝါဆိပ်ကမ်းမှ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ သယ်ယူရောက်ရှိ တပ်ဆင်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဖိအားမြင့် သဘာဝဓာတ်ငွေ့ CNG ကို ဖြန့်ဖြူးပေးရာတွင်လည်းကောင်း၊ စက်သုံးဆီများ ဖြန့်ဖြူးပေးရာတွင် ကြီးကြပ်စစ်ဆေးပေးသည့် ဝန်ထမ်းများအနေဖြင့်လည်းကောင်း၊ ပြည်သူလူထုနစ်နာမှုမရှိစေရေး စေတနာထား၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုံးစွဲသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး၊ နစ်နာမှုမရှိစေရေးတို့အတွက် ပုံမှန်စစ်ဆေးခြင်း၊ အခါအားလျော်စွာစစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းတို့ကိုလည်း ဝီရိယစိုက်ထုတ်၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
