စခန်းဝင်အားကစားသမားများအတွက် အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ
စခန်းဝင်အားကစားသမားများအတွက် အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / June 29, 2025

နေပြည်တော် ဇွန် ၂၈
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်ညနေပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အားကစားသမားများ အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများပြုလုပ်ပြီးချိန်တွင် ကုန်ခန်းသွားသည့်အင်အားများကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် လိုအပ်သည့် Sports Nutrition အာဟာရပိုင်းဆိုင်ရာများ၌ ထိထိရောက်ရောက် အားဖြည့်ကျွေးမွေးစေလိုကြောင်းနှင့် အာဟာရပြည့်ဝအောင် ထပ်မံကျွေးမွေးသင့်သည့်ပုံစံနှင့် အစားအစာများကို အသေးစိတ်ဆွေးနွေးပြောကြားသည်။
ထို့နောက် အုပ်ချုပ်သူ၊ နည်းပြများက အားကစားနည်းအလိုက် ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ထပ်မံဖြည့်စွက်ဆွေးနွေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jun 28, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။